နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်နှင့် ဇနီး  ဒေါ်ခင်ခင်ဝင်းတို့သည် တီမော လက်စ်တေ  ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ်  မစ္စတာ  ကေ ရာလာ ဇာနာနာ ဂူစ်မာအိုနှင့် ဇနီး မစ္စစ် ကာစ်တီ ဆဝဒ် ဂူစ်မာအိုတို့ ဦးဆောင် သော    ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား   ယနေ့ည ၇ နာရီတွင်   နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြု ညစာစားပွဲဖြင့်  တည်ခင်းဧည့်ခံ သည်။ ရှေးဦးစွာ နိုင်ငံတော်တီးဝိုင်းက   နှစ်နိုင်ငံ   နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ် (ဝဲပုံ)တို့သည်  နှုတ်ခွန်းဆက်စကား ပြောကြားကြပြီး  ဆုတောင်းပတ္ထနာ ပြုကြပြီး အတူတကွညစာသုံးဆောင် ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင် နေစဉ်အတွင်း  ယဉ်ကျေးမှုဝန်ကြီး ဌာန  အနုပညာဦးစီးဌာနမှ  အနု ပညာရှင်များက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုညစာစားပွဲအပြီးတွင် အနု ပညာဦးစီးဌာနမှ အနုပညာရှင်များက မြန်မာ့ရိုးရာအကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်သည်တော် တီမောလက်စ် တေနိုင်ငံ  ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည်  ဖျော်ဖြေတင်ဆက်ကြသော အနုပညာရှင်များအား လက်ဆောင် ပန်းခြင်းများပေးအပ်ကြပြီး  အနု ပညာရှင်များနှင့်အတူ  စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ဂုဏ်ပြု ညစာ စားပွဲနှင့်   ပဒေသာ ကပွဲသို့  ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်  ဇနီး၊   ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့်  ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊   ဒုတိယ ဝန်ကြီးများနှင့်  တာဝန်ရှိသူများ တက် ရောက် ကြ သည်။ 

Post a Comment

 
Top