တော့တင်ဟမ်ဟော့ စပါး ဂိုးသမား ဟူဂိုလောရစ်ကို ခေါ်ယူရန် မိုနာကို အသင်းက စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
ယခုရာသီ တန်းတက် လာပြီးနောက် အသင်းကို ရည်မှန်းချက် ကြီးမားစွာ ဖွဲ့စည်းနေသည့် မိုနာကိုသည် ပြင်သစ် လက်ရွေးစင် လောရစ်ကို ဝှိုက်ဟတ်လိန်းထံမှ ဆွဲထုတ်နိုင်ရန် မျှော်လင့်နေသည်။ ဆမ့်ဒိုးရီးယား အသင်းမှ ဂိုးသမား ဆမ်မီရို ရိုမီယိုကို အငှားခေါ်ယူထားပြီး ဖြစ်သည့်တိုင် မိုနာကိုသည် လောရစ်ကို ဇာတိမြေသို့ ပြန်လည်ခေါ်ယူနိုင်ရန် မျှော်လင့်နေဆဲဟု သတင်းများက ဖော်ပြခဲ့သည်။ ပြင်သစ် သတင်းဌာနက Le10Sportက မိုနာကိုသည် ဆောင်းရာသီ ဈေးကွက်တွင် လောရစ် အပါအဝင် ကစားသမား အချို့ရှိနေကြောင်းလည်း ဆိုသည်။ကို အားဖြည့်ဖွယ် 

မိုနာကိုသည် အိုလံပစ်မာဆေးလ် အသင်း၏ စတိဗ်မန်ဒန်ဒါကို နွေရာသီက ပစ်မှတ်ထား ချိတ်ဆက်သော်လည်း မအောင်မြင်ခဲ့ချေ။ ယင်းကို ဆောင်းရာသီ ဈေးကွက်တွင်လည်း ဆက်လက် ကြိုးစားဖွယ် ရှိနေဆဲဟု သိရသည်။ လောရစ်သည်လည်း မိုနာကို၏ ပစ်မှတ်အဖြစ် ရှိနေသည့်တိုင် စပါးက ၎င်းတို့၏ ဂိုးသမားကို အလွယ်တကူ လက်လွှတ်ခံဖွယ် မရှိချေ။ လောရစ်အနေဖြင့် ဝှိုက်ဟတ်လိန်း အစောပိုင်း နေ့ရက်များတွင် အတန်ငယ် ရုန်းကန်ခဲ့ရသော်လည်း ယခုအခါ လန်ဒန်ကလပ်၏ အဓိက ဦးစားပေး ဂိုးသမားအဖြစ် နေရာရနေပြီဖြစ်သည်။

Post a Comment

 
Top