မြန်မာအွန်လိုင်းသတင်း 13.9.2013
------------------------------------------------------------------------------------------------
ပြီးခဲ့သည့်   ရက်အနည်းငယ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်    ဒုဋ္ဌ၀တီမြစ်ရေ   မြင့်တက်လာပြီး မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့ နယ် မြစ်ငယ်မြို့အနီးကျေးရွာများ၊ ဒုဋ္ဌ၀တီမြစ်ကမ်းဘေး ကျေးရွာများ၊ စဉ့်ကိုင် မြို့နယ်ကျေးရွာ အချို့တွင်  မြစ်ရေများဝင်ရောက် လျက်ရှိသည်ကို  စက်တင်ဘာ ၁၂ ရက်က တွေ့မြင်ရ သည်။
အမရပူရမြို့နယ်အတွင်းမြစ်ရေ ဝင်ရောက်သော   ကျေးရွာများမှာ ညောင်နီပင်ကျေးရွာ၊ ဥယျာဉ်တော်၊ ကမ္ဘဲ့၊ ရေကြည်ပေါက်၊  စားတော်၊ မြစ်တူးနှင့်ဆင်ရွာမြင်းမူး အစရှိသော ကျေးရွာများနှင့်  စဉ့်ကိုင်မြို့နယ် သံတံတား ရွာသစ်၊    မြောက်ကိုင်း ကျေးရွာ၊ စိတ္တရကျေးရွာအချို့သည် မြစ်ရေမြင့်တက်မှုကြောင့် ကျောင်း သား ကျောင်းသူများနှင့်  ဒေသခံ ကျေးရွာများမှ ပြည်သူများ ခက်ခဲစွာ သွားလာနေကြရကြောင်း သိရသည်။
“မြစ်ငယ်မြို့ရဲ့   ဒုဋ္ဌ၀တီမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၈၇၀ စင်တီမီတာ ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက် နံနက် ၆နာရီခွဲ တိုင်းတာ ချက်အရ ၉၅၄ စင်တီမီတာကို ရောက်ရှိနေပါပြီ။ စိုးရိမ်ရေမှတ်ထက်   နှစ်ပေခွဲခန့် ကျော် လွန်နေပြီ လို့ဆိုရမှာဖြစ်တယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ယခုလို ဒုဋ္ဌ၀တီမြစ်ရေမြင့်တက် ရေကြီးနေတဲ့အချိန်မှာ ပိတ်ထားတဲ့ မြစ်ငယ်တံတားဟောင်းကို ဖြတ်သန်း ခွင့်ပြုစေချင်ပါပြီ။     ဒါမှလည်း ကျောင်းသား ကျောင်းသူအများစုနဲ့ ဒေသခံတောင်သူတွေ သွားလာရတာ လွယ်ကူ ချော မွေ့စေမှာပါ”   ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆို ၍ သိရသည်။
 မောင်မောင်စိုး (မြစ်ငယ်)

Post a Comment

 
Top