
ရန်ကုန် စက်တင်ဘာ ၅
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ အသိအမှတ်ပြု
နိုင်ငံတကာခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်း နှင့်
ဟောင်ကောင်လက်ရွေးစင်အသင်းတို့သည် စက်တင်ဘာ ၆ ရက် (ယနေ့)ညနေ ၅ နာရီတွင်
သုဝဏ္ဏ ကွင်း၌ ခြေစမ်း ကစားကြမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းကို
ကစားသမား ၂၁ ဦးဖြင့် ဖွဲ့စည်းထားပြီးနည်းပြချုပ်အဖြစ် ဦးဆန်းဝင်းက
ကိုင်တွယ် လျက်ရှိသည်။ ယခု ခြေစမ်းပွဲကို မူလကဆီးဂိမ်းပြိုင်ပွဲဝင်မည့်
မြန်မာ ယူ-၂၃ အသင်းနှင့် ကစားရန် စီစဉ်ထားသော်လည်း ယူ-၂၃ အသင်းမှာ
မာဒေးကားဖလားပြိုင်ပွဲနှင့် တိုက်ဆိုင် နေသောကြောင့်
လက်ရွေးစင်အသင်းကိုဖွဲ့စည်းကာ ယှဉ်ပြိုင် ခြင်းဖြစ်သည်။
မန်မာလက်ရွေးစင်အသင်းအနေဖြင့် ယခုနှစ်အတွင်း
နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် မရှိသေးဘဲ အနီးကပ်
ဆုံးပြိုင်ပွဲမှာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် AFC Challenge
Cup ပြိုင်ပွဲကိုသာ ယှဉ်ပြိုင် ရန်ရှိနေ သည်။ မြန်မာ အသင်းနှင့်
ဟောင်ကောင်အသင်းတို့မှာ ယခု နောက်ပိုင်းတွင် တွေ့ဆုံခြင်းမရှိတော့ဘဲ
၂၀၀၄ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ ခြင်း ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ -ရှိုင်းထက်ဇော်
Post a Comment