
ရန်ကုန် - ကျိုက်ထို - ရန်ကုန် အဲယားကွန်း အထူးရထားလိုင်းကို စက်တင်ဘာ ၇
ရက်မှစတင် ပြေးဆွဲ သွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ
ယနေ့ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားမှသိရ သည်။ အဆိုပါ
ခေတ်မီသန့်ရှင်းသပ်ရပ် သောအဲယားကွန်းအထူးရထားလိုင်း ဖြစ်သော
ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးရထားလိုင်းကို တစ်ပတ်လျှင်
နှစ်ရက်နှုန်းဖြင့် ပြေးဆွဲသွားမည်ဖြစ်ရာ ရန်ကုန်-ကျိုက်ထိုခရီးစဉ်ကို
ကျိုက်ထို (၁)ဟု သတ်မှတ်ထားပြီး အပတ်စဉ် စနေနေ့တိုင်း
ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ ၂၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ရာ
ကျိုက်ထိုသို့ နံနက် ၁၁ နာရီတွင်ရောက်ရှိမည်ဖြစ် သည်။ ---
Post a Comment