Friday, September 13, 2013

ရစ်ဘာရီသည် ဥရောပ အကောင်းဆုံး ကစားသမားဆုနှင့် ထိုက်တန်ကြောင်း မက်ဆီ ဝန်ခံ

ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား မြောက်များစွာ ရှိတဲ့အထဲက ဥရောပရဲ့ အကောင်းဆုံး ကစားသမား သုံးယောက် စာရင်းထဲမှာ ပါဝင်ခွင့် ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ သူ (ရစ်ဘာရီ) ဟာ ဥရောပ အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်သူပါ”  ဟု မက်ဆီက ယူအီးအက်ဖ်အေသို့ ပြောကြားခဲ့သည်။


“ကျွန်တော်တို့ဟာ အောင်မြင်မှုတွေ ထပ်ခါထပ်ခါ ရရှိချင်သူတွေပါ။ မနှစ်က ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ရတာဟာ အလွန်ကို ခါးသီးလှပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံး ပုံစံ အနေအထားမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တာတွေက ပြီးသွားပါပြီ။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ကိုပဲ စဉ်းစားရပါမယ်” ဟု မက်ဆီက ပြောကြား သွားခဲ့သည်။

ဘာစီလိုနာ အသင်းသည် လာလီဂါပွဲစဉ် အဖြစ် စနေနေ့တွင် ဆီဗီလာ အသင်းနှင့် အိမ်ကွင်း နူးကမ့်၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

No comments:

Post a Comment