လားရှိုး မှုးယစ်တပ်ဖွဲ့ဦးမှ နောင်ချိုလှုပ်ရှားအဖွဲ့သည် နောင်ချိုမြို့အ၀င်၌ မှုးယစ်ဆေးဝါး တားဆီးနှိမ်နင်း
ရေး လုပ်ငန်းများဆောင်ရွက်နေစဉှ် ဘိန်းဖြူမှုန့် ၄၈ ဂရမ် ရှာဖွေဖမ်းဆီးမိခဲ့ကြောင်း လားရှိုးမူးယစ်အထူး
တပ်ဖွဲ့မှ သိရသည်။

အဝေးပြေးလမ်းမကြီးတစ်ခုဖြစ်သော လားရှိုးမှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခြင်္သေ့မင်းယာဉ်ငယ်
အသင်းမှ ခရီးသည်တင် ဗင်ကားယာဉ်ငယ်တစ်စီးထံမှ အဆိုပါ ဘိန်းဖြူမှုန့်များကိုဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဗင်ကားအတွင်း လိုက်ပါလာသူ ဂင်ဒိုမာန်ဆိုသူသည် စားပွဲ၏ မျက်နှာပြင်အောက်တွင် အံဝှက်ပြုလုပ်ပြီး အ
ဆိုပါ ဘိန်းဖြူမှုန့်များကို သယ်လာခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဂင်ဒိုမာန်သည် တန်ဖိုးအားဖြင့် ငွေကျပ် ၉ သိန်းကျော် တန်ဖိုးရှိ အလေးချိန် ၁၂ ဂရမ်လေးသော အထုတ်
၎ထုတ်ကို သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

တရားခံဟု ယူဆရသူ ဂင်ဒိုမာန်သည် စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်၊ ပြည်တော်သာရွာတွင် နေ
ထိုင်သူဖြစ်ကြောင်း၊ ၎င်းအား နောင်ချိုမြို့မရဲစခန်းမှ မယ(ပ)၄၆/၂၀၁၃၊မူးစိတ်ပုဒ်မ၁၅/၁၉ (က)/၂၁အရ အမှုဖွင့်အရေးယူထားကြောင်း ၎င်းရဲစခန်းမှ သိရသည်။

Post a Comment

 
Top