ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းအနေဖြင့် ဆီးရီးယားအရေးအခင်းနှင့်ပတ်သက်၍ အမေရိကန်ပြည်သူများ ကို တိုက်ရိုက်မေတ္တာရပ်ခံလိုက်ကြောင်း ကြာသပတေးနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။ နယူးယောက်တိုင်း(မ်)သတင်းစာတွင် ပါရှိသော ဆောင်းပါး၌ ဆီးရီးယားနိုင်ငံကို အမေရိကန်က စစ်မက် ပြုခဲ့သော် အကြမ်းဖက်ဝါဒ လှိုင်းလုံးသစ်တစ်ခု ပေါ်ပေါက် လာနိုင်ကြောင်း ပူတင်က သတိပေးထားသည်။ သန်းပေါင်း များစွာသောလူများက အမေရိကန်ပြည် ထောင်စုသည် စံပြဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် မရှုမြင် ဘဲ ကြမ်းတမ်းသောတပ်ဖွဲ့များအပေါ် မှီခိုနေရသော နိုင်ငံ အဖြစ်သာ ရှုမြင်ကြသည်ဟု ၎င်းက ထပ်မံပြောကြားသည်။
ယင်းဆောင်းပါးတွင်   မကြာသေးမီ ဖြစ်ရပ်များက ၎င်းကို အမေရိကန်ပြည်သူများနှင့် ၎င်းတို့၏ နိုင်ငံရေး ခေါင်းဆောင်များအား တိုက်ရိုက်စကားဆိုရန် အကြောင်း ဖန်လာခဲ့သည်ဟု ၎င်းကဆိုသည်။ ဩဇာ အရှိန်အဝါကြီးမားသောနိုင်ငံများက ကုလ သမဂ္ဂအဖွဲ့ကြီးကို ဥပေက္ခာပြု၍  လုံခြုံရေးကောင်စီ၏ အခွင့်အာဏာမရှိပါဘဲလျက် ဆီးရီးယားကို စစ်ရေးအရ အရေးယူခဲ့လျှင် ကုလသမဂ္ဂသည် တူညီသောကြမ္မာဆိုး၏ ရှေ့ပြေးနိမိတ်အဖြစ် ခံစားရပေမည်ဟုလည်း ရုရှားသမ္မတ က သတိပေးသည်။
ပုပ်ရဟန်းမင်းကြီးအပါအဝင် ဘာသာရေးခေါင်း ဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် များစွာသောနိုင်ငံ များက ပြင်းထန်စွာအတိုက်အခံပြုနေသည့်ကြားမှ အမေ ရိကန်ပြည်ထောင်စုက ဆီးရီးယားကိုတိုက်ခဲ့လျှင် အကျိုး ဆက် အားဖြင့် အပြစ်မဲ့အရပ်သားများ ပိုမိုသေဆုံးကြ ရမည်။ တင်းမာမှုကြီးထွားလာမည်။ စစ်ပွဲသည် ဆီးရီးယား နယ်စပ်ကိုကျော်လွန်၍  ပျံ့နှံ့လာမည်ဟုလည်း ကြိုတင် ဟောကိန်းထုတ်သည်။ ၎င်းအပြင် အကြမ်း ဖက် တိုက်ခိုက်မှုများ တိုးပွားလာ မည်ဖြစ်ပြီး အကြမ်းဖက်ဝါဒ လှိုင်းသစ်တစ်ခုလည်း ပေါ် ထွန်းလာနိုင်သည်ဟုဆိုသည်။ တစ်ဖန် မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့ကို ပိုမိုမတည်မငြိမ်ဖြစ်စေမည်။ အစ္စရေး-ပါလက်စတိုင်းပြဿနာနှင့် အီရန်နျူကလီးယား ပြဿနာတို့ကို ဖြေရှင်းရန် ကြိုးပမ်းနေခြင်းကို အားနည်း သွားစေမည်။ ထို့ပြင် နိုင်ငံတကာဥပဒေစနစ်တစ်ခုလုံးကို လွှင့်ပစ်လိုက်သကဲ့သို့ဖြစ်မည်ဟု ပြောသည်။ ပူတင်က  ၎င်းအနေဖြင့်  ဆီးရီးယားအစိုးရကို ကာကွယ်နေခြင်းမဟုတ်ဘဲ နိုင်ငံတကာဥပဒေကို ထိန်းသိမ်း နေခြင်းသာဖြစ်သည်ဟု ပြောကြားသည်။       
 ဘီဘီစီ။

Post a Comment

 
Top