စိတ်ဖိစီး မှုများပါက မျိုးရိုးမရှိသည့်ရော ဂါအချို့ပင် ဝင်ရောက်လာနိုင် ကြောင်း အာဟာရအထူးကုဆရာ ဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်း မြင့်က ပြောသည်။

စိတ်ဖိစီးမှုများသူများတွင် နောက်ဆက်တွဲအနေဖြင့် သွေး တိုးရောဂါ၊ ဆီးချိုရောဂါအစရှိ သည့်ရောဂါများမှာ မျိုးရိုးမရှိဘဲ နှင့်ပင် ဖြစ်ပွားနိုင်ခြင်းကြောင့် စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျှော့ ချရန်လိုအပ်ကြောင်း သိရသည်။

''တချို့က စိတ်ဖိစီးမှုများ တယ်ဆိုပြီး မူးယစ်ဆေးဝါးတွေ၊ အရက်သောက်တာတွေနဲ့ ဖြေ ဖျောက်ကြတယ်။ အဲဒါတွေက မှား တယ်။ ခရီးထွက်တာတို့ အပန်း ဖြေတာတို့ သီချင်းနားထောင်တာ မျိုးတွေနဲ့ စိတ်ဖိစီးနေတာကို ဖြေ ဖျောက်သင့်ပါတယ်''ဟု ဒေါက်တာ ဝင်းဝင်းမြင့်က ဆိုသည်။

ယနေ့ခေတ်အခြေအနေ အရ လုပ်ငန်းခွင်ပြဿနာ၊ စား ဝတ်နေရေး၊ လူမှုရေး၊ ပညာရေး အစရှိသည်တို့တွင် အခက်အခဲကြုံ ရမှုများကြောင့် စိတ်ဖိစီးမှုများ ပြားသည့်ပြဿနာများလည်း များ ပြားလျက်ရှိကြောင်း သိရသည်။

''လူတစ်ယောက်ရဲ့ကျန်းမာ ရေးအခြေအနေက ဘာနဲ့ဆိုင်သ လဲဆိုရင် သူ့ရဲ့ပတ်ဝန်းကျင်အ လုပ်ဌာနတွေမှာထားတဲ့ သူ့ရဲ့ စိတ်နေစိတ်ထား၊ သဘောထား တွေက အလုပ်ခွင်မှာအများကြီး သက်ရောက်မှုရှိတယ်။ လူတစ် ယောက်အတွက် ကောင်းတဲ့ပတ် ဝန်းကျင်တစ်ခုဖြစ်ဖို့လိုပါတယ်။ ဒါမှ စိတ်ဓာတ်ပိုင်းပါ ကျန်းမာ မှာ''ဟု ယင်းကထပ်မံပြောသည်။

ခင်သက်မွန်၊ စက်တင်ဘာ(၄)၊ ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

Post a Comment

 
Top