အရက်သောက်နေသူ မိန်းကလေး
စကတ်တိုတို၊ ပေါင်သား ဖြူဖြူ၊
ချောမောလှပငယ်ရွယ် သော မိန်းကလေးတစ်ယောက် သည် ယောက်ျား လေးတစ်ဦး
နှင့်အတူအရက်ဆိုင်မှာ အရက် ထိုင်သောက်နေ သည်။ စကား ပြောလိုက်၊ သောက်လိုက်၊
ရယ် လိုက်ဖြင့် အချိန်ကြာလာသော အခါ မိန်းကလေးသည် စားပွဲ ပေါ်
မှောက်သွားတော့သည်။ အရက်၏ တန်ခိုးကြောင့်မိန်း ကလေးခေါင်းတောင် မထူနိုင်
တော့။
ယောက်ျားလေးက မိန်းက လေးကို ကျောပိုးပြီး
မိန်းက လေးနေအိမ်သို့ လိုက်ပို့ရသည်။ မိန်းကလေးနေအိမ်ရောက်၊ နေ
အိမ်ခန်းအတွင်းသို့ဝင်၊ မိန်းက လေးကို အိပ် ရာပေါ်သို့ တင် ပေးရသည်။
အိပ်ခန်းအတွင်း ဝယ် ခေါင်းမထူအောင် မူးနေ သည့် မိန်းကလေးတစ်ဦးနှင့်
အနည်းငယ်သာမူးနေသည့် ယောက်ျားလေးတစ်ဦး။ ထိုအခါ အဆိုပါမြင်ကွင်းသည် ကို
ရီးယားရုပ်ရှင်၊ ရုပ်သံဇာတ် လမ်းတွဲတိုင်းလိုလိုတွင် ပါ ဝင် နေကျ
ဇာတ်ဝင်ခန်းများပင် ဖြစ်ပါသည်။ ထိုဇာတ်ဝင်ခန်း များပါသော ကိုရီးယား
ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲများကို မြန် မာပရိသတ်တို့အသည်းစွဲကြိုက်
နှစ်သက်ကြသည်။ မြန်မာပရိသတ်တို့ မြန်မာ ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားများကို
သိပ်မကြိုက်တော့ဘဲ ကိုရီးယား ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲများ ကို
ဘာကြောင့်ကြိုက်နှစ်သက်ရသနည်း။ ကိုရီးယားဇာတ်ကားများ ဘာကြောင့်
အောင်မြင်ရသနည်း။ အာရှနိုင်ငံများ အပြင် ကမ္ဘာ ကပါ စိတ်ဝင်စားကြိုက်နှစ်
သက်ရသည့် ကိုရီးယားဇာတ် လမ်းများ၏
အောင်မြင်မှုလျှို့ဝှက်ချက်တစ်ခုတော့ရှိရမည်။ လျှို့ဝှက်ချက်က
ဘာများဖြစ်မည်နည်း။

ရသမျိုးစုံနှင့် ကိုရီးယားရုပ်ရှင်
ကျွန်တော်လည်း ကိုရီးယား ဇာတ်လမ်းများ၏
ပရိသတ် တစ်ဦးပင် ဖြစ်သည်။ ကိုရီးယား ဇာတ်ကားများသည် တစ်ကား
နှင့်တစ်ကားမတူ။ ရသတစ်မျိုး စီပေးကြသည်။ ကိုရီးယား စစ် ကား၊ အချစ်၊ ဟာသ၊
နိုင်ငံရေး စသည်ဖြင့် ရသမျိုးစုံကို ခေတ် ကာလနှင့်အညီ ပေးစွမ်းနိုင်
သည်။ပရိသတ်၏ အသည်းနှလုံး ကို ဘာကြောင့်များ စွဲကိုင်လှုပ်
ရမ်းဖမ်းစားနိုင်ရပါသနည်း။ ကျွန်တော်လည်း သိလိုလှသည်။ကျွန်တော်
၂ဝ၁၂ခုနှစ်က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သိွုှံ့နင်္ဗဃနှံဥဏ နှင့်အတူ
သွားရောက်ခဲ့ဖူးရာ ထိုခရီးစဉ် တွင်ကိုရီးယားနိုင်ငံ၏ ရိုးရာ
ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ စီး ပွားရေး ပြုပြင်ပြောင်းလဲခြင်းနှင့်
ကိုရီးယား ရုပ်ရှင်ဇာတ်ကားများ ၏ တိုးတက်အောင်မြင်မှုများကို စိတ်ဝင်စား
သဖြင့် လေ့လာမေး မြန်းဖြစ်ခဲ့သည်။
ကိုရီးယားရုပ်ရှင်ဇာတ်ကား များသည်
ဘာကြောင့် အောင် မြင်တိုးတက်ရပါသနည်း။အဖြေ ကတော့ရှိပါသည်။ အဆိုပါအဖြေ
သည်….။စုပေါင်းညီညွတ်စွာ လုပ်ဆောင် ကြရမည်ရုပ်ရှင်သည် တစ်ဦးတစ်
ယောက်ကောင်း၍မရ။ လူအများ က ညီညွတ်စွာ စုပေါင်းလုပ် ဆောင်မှသာ ရုပ်ရှင်က
အောင် မြင်နိုင်မည်ဖြစ်သည်။ ကိုရီးယား နိုင် ငံသူ၊ နိုင်ငံသားများသည်
မိမိလုပ်ဆောင်ရမည့် လုပ်ငန်း၊ တာဝန်ကို ကျေပွန်စွာ မိမိအသိ စိတ်ဓာတ်ဖြင့်
လုပ်ကိုင်ဆောင် ရွက်ကြသည်။
ဥပမာ- ရုပ်ရှင်ဇာတ်ဝင် ခန်းတွင်ပါရှိရမည့်
အဝတ်အစား များစွာကို ခေတ်ကာလနှင့် လျော်ညီစွာဖြစ်စေရန် အဝတ်
အစားဒီဇိုင်နာက အားလုံး တာဝန်ယူစီမံ လုပ် ကိုင် ဆောင်ရွက်ပေးရသည်။
အလွဲအမှား မရှိစေရ။ ထို့အတူ မိတ်ကပ် ဆရာသည်လည်း သရုပ်ဆောင် များ၏
မိတ်ကပ်ပိုင်းကိုသာ တာဝန်ယူလုပ်ကို င်ဆောင် ရွက် ပေးရ သည်။မီးအလင်းအမှောင်၊
စက်ပစ္စည်းများကိုလည်း မန်နေ ဂျာအသီးသီးက ကိုယ့်တာဝန် ကို
ကျွေပွန်စွာထမ်းဆောင်ကြ သည်။ထို့ကြော င့်ကိုရီးယား ဇာတ် ကားများသည် စ၊ လယ်၊
ဆုံး အားလုံး ကောင်းနေကြသည်။
ကိုရီးယားနိုင်ငံတွင် အများ
ပိုင်ကုမ္ပဏီများစွာရှိပြီး ထို အများပိုင် ကုမ္ပဏီများက ရှယ်
ယာရှင်များသဘောကျနှစ်သက် စေမည့် ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်သံဇာတ် လမ်း
တွဲများကို စု ပေါင်းတိုင်ပင် ဆွေးနွေးညှိနှိုင်း ၍ အကောင်းဆုံးဖြစ်အောင်
စီစဉ်ရိုက်ကူးကြသည်။ ဇာတ် ကား ရိုက်သည့်အခါ မည်သည့် ကုမ္ပဏီမှ အရှုံးခံ၍
ရိုက်ကူးမည် မဟုတ်။ အကျိုးအမြတ်ရအောင်သာ ရိုက်ကူးမည်ဖြစ်ပြီး ဇာတ်လမ်း
ကောင်းအောင်၊ ပရိသတ်ကြိုက် အောင် စီစဉ်ရိုက်ကူးကြသည်။
(၁) ဟောလီးဝုဒ်ကို အတုယူခြင်း
ကိုရီးယားနိုင်ငံသူနိုင်ငံသားများသည်
ကမ္ဘာ့အလယ်ထူးချွန် ထင်ရှားစေရန်ကမ္ဘာကြီး၏ တိုး တက်မှုများကို မျက်ခြည်မပြတ်
စောင့်ကြည့်လေ့လာ အတုယူ ကြသည်။ ကိုရီးယားရုပ်ရှင်ကို ကမ္ဘာကျော်စေရန်
ဟောလီးဝုဒ် ကို အားကျအတုယူပြီး စက် ပစ္စည်း၊ သရုပ်ဆောင် အတတ်
ပညာ၊ခေတ်မီနည်းပညာ အသုံး ပြုခြင်းစ သည်တို့ကို လေ့ လာ သင်ယူ
အလုပ်လုပ်ကြသည်။
(၂) ရုပ်ရှင်စတူဒီယိုကြီးများ တည်ဆောက်ခြင်း
ဟောလီးဝုဒ်ကို အားကျ ပြီး ဧကများစွာ
အကျယ်တွင် ရုပ်ရှင်စတူဒီယိုကြီးများကိုများ စွာ တည်ဆောက်လာကြသည်။
ထိုစတူဒီယိုကြီးများတွင်ပင် ရုပ်ရှင်ဇာတ်ကားကြီးများ ကို စီ
စဉ်ရိုက်ကူးကြသည်။ ထိုစတူဒီ ယိုကြီးများသို့ ပြင်ပလူများ ဝင်
ထွက်ခွင့်မရှိ။ ဝင်ထွက်ချင်ပါက ကြိုတင်ခွင့်တောင်းရသည်။
(၃)သရုပ်ဆောင်ဘွဲ့ပေးခြင်း
အစိုးရ အသိအမှတ်ပြု တက္ကသိုလ်ကြီးများက
သရုပ် ဆောင်နှင့် ပတ်သက်သောဘွဲ့ များကိုပေးကြသည်။ ကိုရီးယား နာမည်ကြီး
သရုပ်ဆောင်များ သည် သရုပ်ဆောင် ဘွဲ့ရပြီးကြ သူများဖြစ်သည်။
(၄) နိုင်ငံတကာက နာမည်ကြီး မင်းသား၊ မင်းသမီးများနှင့် ယှဉ်တွဲ ရုပ်ရှင်ရိုက်ကူးခြင်း
ကိုရီးယားတို့သည် မိမိတို့ ကို
ကမ္ဘာကသိစေရန်အတွက် နိုင်ငံတကာနာမည်ကြီး၊ မင်း သား၊ မင်းသမီးများကို ဖိတ်ခေါ်
၍ ရုပ်ရှင်ရိုက်ကူးကြသည်။ ထို သို့ ရိုက်ကူးခြင်းဖြင့် ကမ္ဘာက
ကိုရီးယားသရုပ်ဆောင်များကို သိလာသည်။ ဥပမာ- ဂျပန် က မင်းသား၊
မင်းသမီးများနှင့် ရုပ် ရှင်ရိုက်သည်။ ဂျပန်ပရိသတ် များက ကိုရီးယားမင်းသား၊
မင်း သမီး များကို ချစ်ခင်လာကြ သည်။ ထိုသို့ဖြင့် ကိုရီးယားကို ကမ္ဘာက
သိလာသည်။
(၅) စည်းကမ်းရှိခြင်း
ကိုရီးယားနိုင်ငံသူ၊ နိုင်ငံ သားတိုင်းသည်
စည်းကမ်းရှိကြ သည်။ ကလေးကအစ အဘိုး ကြီးအရွယ်ထိ အားလုံးက ” ကြီး သူ
ကိုရိုသေ၊ ရွယ်တူကိုလေး စား၊ ငယ်သူကိုသ နား” ဆို သည့် စကားအတိုင်း
အဆင့်ဆင့် လေး စားကြပြီး ကိုယ်စီ ကိုယ်ငှစည်းကမ်း ရှိ ကြသူများဖြစ်သည်။
မင်းသား၊ မင်း သမီးလည်း စည်း ကမ်းရှိ၊ ဇာတ်ပို့ ဇာတ်ရံ လည်း စည်း
ကမ်းရှိကြသည်။ ရုပ် ရှင်ရိုက်ကွင်းသို့ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့ ဇာတ်ရံ
အားလုံး အချိန်မီလာကြသည်။ ဒါရိုက်တာလုပ်ခိုင်းသမျှ အပိုအလိုမရှိ သရုပ်ေ
ဆာင်ကြသည်။ဒါရိုက်တာအပေါ် မလွှမ်း မိုးကြ၊ ဒါရိုက်တာကသာ သရုပ်ဆောင်
အားလုံးကိုလွှမ်းမိုး ချုပ်ကိုင်သွားသည်။
အထက်ပါ အချက် အချို့ သည်
ကိုရီးယားရုပ်ရှင် အောင် မြင်တိုးတက်ခြင်း၏ အချက် အလက်အချို့ပင် ဖြစ်သည်။
ထိုအချက်များသည် အဓိက အကျဆုံးအခြေခံ အချက် များ ပင်ဖြစ်ပြီး ဆက်ပြောရလျှင်
တော့ ကုန်နိုင်ဖွယ်မရှိပါ။ကိုရီးယားတို့သည် ရိုးရာ ယဉ်ကျေးမှုကို
ယနေ့ထက်တိုင် လေးစားတန်ဖိုးထားလျက်ပင် ရှိပါသည်။ စကတ်တို တိုဝတ်၊
ဘောင်းဘီတိုဝတ်၍ သွားလာ လှုပ်ရှားသော်လည်း ရိုးရာဝတ် စုံကိုငယ်စဉ်ကတည်းက ဝတ်
ဆင်ကြသည်။ မင်္ဂလာဆောင် တွင် ဝတ်ဆင်ကြသည်။ ကိုရီး ယား ရုပ်ရှင်ဇာတ်
ကားများတွင် ရိုးရာယဉ်ကျေးမှုအငွေ့ အသက် များပါရှိအောင် ထည့်သွင်းရိုက်ကူးကြ
သည်။ ကမ္ဘာသို့ ကိုရီး ယား ရိုးရာ အစားအစာများ၊အဝတ် အစား၊ ယဉ်ကျေးမှုများကို
ရုပ်ရှင် မှ တစ်ဆင့်ပြသလိုက်ခြင်းပင် ဖြစ်သည်။ ယနေ့ကိုရီးယားသမ္မတသည်
အမျိုးသမီးဖြစ်လာသော အခါ ကိုရီးယားမိန်းမပျိုလေးများကို စကတ်တို ဝတ်ခြင်း၊
ဘောင်းဘီတိုဝတ်ခြင်းတို့ကို တားမြစ်ပြုလုပ်လာကြသည်။
ယနေ့ကိုရီးယားရုပ်ရှင်၊
ဇာတ်လမ်းတွဲများသည် ကမ္ဘာ့ အနှံ့သို့ ရောက်ရှိပျံ့နှံ့ အောင်
မြင်လျက်ရှိနေပြီဖြစ်သည်။ ထို ကဲ့သို့ ကိုရီးယားရုပ်ရှင်၊ ဇာတ် လမ်းတွဲများ
အောင်မြင် လာ သောအခါကျွန်တော်သည်မြန် မာ့  ရုပ်ရှင်၊ ဇာတ်လမ်းတွဲများကို
ကမ္ဘာအနှံ့သို့ရောက်ရှိ အောင်မြင်စေလိုပါသည်။ထိုကဲ့သို့ မြန်မာ့ရုပ်ရှင်
ကမ္ဘာ အနှံရောက်ရှိေ အာင်ြ မင် အောင်မည်ကဲ့သို့လုပ်ဆောင်ရ မည်နည်း။
ရုပ်ရှင်လောကသား အားလုံးဝိုင်းဝန်းစဉ်းစား အဖြေ ရှာရမည်ဖြစ်ပါသည်။
Post a Comment