ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့နယ်ခွဲ စစ်တပ်များမှ သိမ်းယူခဲ့၍ ဆုံးရှုံးခဲ့ကြသော တောင်သူ
လယ်သမားများထံသို့ လယ်ယာမြေများ ပြန်လည် ပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနရုံးရှိ အစည်းဝေးခမ်းမတွင် စက်တင်ဘာလ ၄ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းအခမ်းအနားမှ
သိရသည်။

ယခင်ကသိမ်းယူခဲ့သော ခြေလျင်တပ်ရင်း အမှတ်(၄၀)၊ ခြေမြန်တပ်ရင်း အမှတ်(၃၈၈)၊ (၃၈၉)တို့မှ
လယ်မြေ(၅၁.၉၂)ဧကကို မိုးညှင်းမြို့နယ် လယ်ယာစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ယုထံသို့ လွှဲပြောင်း
ပေး အပ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ မိုးညှင်းမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌဦးမြတ်ယုမှ ဒေသခံလယ်မြေပိုင်ရှင်
များထံသို့ ထပ်မံလွဲပြောင်း ပေးအပ်ခဲ့ရာ နန့်ရင်းရွာမှ ဒေါ်သန်းညိုအား ( ၉.၇၃)ဧက၊ မြဇေယျာရပ်ကွက်
ဦးသန်းမောင် (၇.၃၈) နှင့် (၆.၄၁)ဧက၊ မြို့မမြောက်ရပ်ကွက် ဦးစိုးမင်းဦး (၇.၈၂)ဧက၊ နန့်ရင်းရွာ ဒေါ်
မ၀င်း (၉.၄၅)ဧကနှင့် မြဇေယျာရပ်ကွက်မှ ဦးလွမ်းဇောင်းအား (၁၁.၁၃)ဧက စုစုပေါင်း ၅၁.၉၂ဧကတို့
ကို လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“NDFပါတီက လယ်ယာမြေပြန်ရရေး ကြိုးပန်းဆောင်ရွက်ပေးခဲ့တာ အဖမ်းခံရတယ်ကြားရတော့ မရနိုင်
တော့ဘူးလို့ ထင်ခဲ့တာ။ အခုလို လယ်မြေတွေပြန်ရတော့ အတိုင်းမသိ ၀မ်းသာကျေးဇူးတင်မိပါတယ်။
ကျမတို့လို တောင်သူလယ်သမားတွေအားလုံး ပြန်ရစေချင်တယ်”ဟု လယ်သမားက ပြောကြသည်။

ယင်းအခမ်းအနားသို့ ဒေသခံ တောင်သူလယ်သမား (၁၀၀)ခန့် တက်ရောက်ပြီး မိုးညှင်းခရိုင်အုပ်ချုပ်ရေး
မှူး ဦးအောင်စိုးမိုးမှ အဖွင့်အမှာစကားပြောခဲ့သည်။ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ယုမှလ ယ်
ယာမြေများပြန်လည် ပေးအပ်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။

Post a Comment

 
Top