မြန်မာအွန်လိုင်းသတင်း= 8.9.2013
---------------------------------------------------------
ဥရောပတိုက်၌ သေဆုံးသူ ၁ဝဦးလျှင် တစ်ဦးမှာ အဆုတ် ရောဂါများကြောင့် သေဆုံးခြင်း ဖြစ်ပြီး ဆေးလိပ်သောက်ခြင်းမှာ အဓိကအချက်ဖြစ်ကြောင်း European Respiratory Society အဖွဲ့မှ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

အတိတ်ကဆေးလိပ်သောက် သုံးခဲ့သည့်နှုန်းများကြောင့် လာ မည့်နှစ် ၂ဝအတွင်း အဆုတ်ကင် ဆာနှင့် နာတာရှည်ပိတ်ဆို့အ ဆုတ်ရောဂါ (COPD) ကြောင့် သေဆုံးသူအရေအတွက်မှာ မြင့် မားလာမည်ဟုဆိုသည်။ သို့သော် ယူကေတွင်မူ လေးဦးသေဆုံးလျှင် တစ်ဦးမှာ အဆုတ်ရောဂါကြောင့် ဟု ဗြိတိသျှအဆုတ်အကူအညီ ပေးရေးအဖွဲ့တစ်ခုက ပြောကြား သည်။ သေဆုံးမှုပမာဏများပြား သော်လည်း ကာကွယ်ရေး၊ ကုသ ရေးနှင့် သုတေသနရန်ပုံငွေတို့နှင့် ပတ်သက်၍ ဦးစားပေးအဆင့်သို့ မရသေးကြောင်းလည်း ၎င်းတို့ က ပြောကြားခဲ့သည်။

European Lung White Book တွင် ဖော်ပြထားသောအ ချက်အလက်များမှာ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) နှင့် ဥရောပ ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ် ရေးဗဟိုဌာနမှ နောက်ဆုံးအချက် အလက်များကိုအသုံးပြု၍ တင် ပြထားခြင်းဖြစ်သည်။

အတ္တလန္တိတ်ဒေသမှ ဗဟို အာရှအထိကျယ်ပြန့်သော WHO European Region တွင် အသေ နိုင်ဆုံး အဆုတ်ရောဂါလေးမျိုးမှာ နျူမိုးနီးယားအပါအဝင် အသက် ရှူလမ်းကြောင်းဆိုင်ရာရောဂါကူး စက်မှု၊ COPD ၊ အဆုတ်ကင် ဆာများနှင့် တီဘီရောဂါတို့ဖြစ် ပြီး သေဆုံးမှုစုစုပေါင်း၏ ဆယ်ပုံ တစ်ပုံရှိကြောင်း တွေ့ရှိရသည်။

သို့သော်လည်း အဆုတ် ရောဂါကြောင့် EU ၏ ၂၈နိုင်ငံ တွင် သေဆုံးမှုအားလုံး၏ ရှစ်ပုံ တစ်ပုံအထိ ရှိသည်ဟု WHITE BOOK ကဖော်ပြခဲ့သည်။ ဘယ်လ် ဂျီယံ၌သာ လူ ၁၀၀၀၀၀ တွင် ၁၁ရ ဦးနှုန်းသေဆုံးခဲ့ပြီး ဒိန်းမတ်၊ ဟန် ဂေရီနှင့် အိုင်ယာလန်တို့တွင် အ ဆုတ်ရောဂါကြောင့် သေဆုံးနှုန်း များမှာ ယူကေထက်ပိုမြင့်သည်။

Post a Comment

 
Top