၂၀၁၃ ဆီးဂိမ်းအကြို အားကစားပြိုင်ပွဲနှစ်ခု ထပ်မံကျင်းပမည်
လာမည့် စက်တင်ဘာ ၁၅၊ ၁၆ ရက် များတွင် နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအကြို ကမ်ပိုပြိုင်ပွဲနှင့် ပီတန်းအားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်။
ဆီးဂိမ်းအကြိုကမ်ပိုသိုင်းပြိုင်ပွဲကို စက်တင်ဘာ ၁၄၊ ၁၅ ရက်များတွင် ရန်ကုန်မြို့၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲသို့ အိမ်ရှင်မြန်မာအပါအ၀င် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမော၊ ဘရူနိုင်း၊ လာအိုစသည့် နိုင်ငံခြောက်နိုင်ငံ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကစားနည်းများ အဖြစ် အတိုက် ၄ မျိုးနှင့် အပြ ၆ မျိုးထည့်သွင်း မည်ဖြစ်သည်။ ကမ်ပိုအားကစားနည်းသည် ဂျပန် ရိုးရာတိုက် ခိုက်နည်း တစ်ခုဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာကမ်ဘိုအားကစားအဖွဲ့၌ အမျိုးသားကစားသမား ၁၉ ဦးနှင့် အမျိုးသမီးကစားသမား ၁၅ ဦးတို့ဖြင့် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည်။နောက် ထပ်ပြိုင်ပွဲတစ်ပွဲဖြစ်သည့် ဆီးဂိမ်း အကြို ပီတန်းအားကစားပြိုင်ပွဲကိုမူ လာမည့် စက်တင်ဘာ ၁၅၊ ၁၆ ရက်များတွင် နေပြည်တော်၌ ကျင်းပမည်
ဖြစ်သည်။ပီတန်းအားကစားနည်းသည် ပြင်သစ်ရိုးရာ အားကစား နည်းတစ်ခုဖြစ်ပြီး မြန်မာ့ရိုးရာ
ကျောက်ဒိုးပစ်၊ ထွေခင်းကစားနည်းနှင့်ဆင်တူသည့်အားကစားနည်း တစ်ခု ဖြစ်သည်။ ထို့ပြင် ပီတန်းအားကစား နည်းပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၀၉ လာအိုဆီးဂိမ်းတွင်၊ အင်ဒိုနီးရှား ဆီးဂိမ်းတို့တွင် ထည့်သွင်းကျင်းပခဲ့သည်။
ဆီးဂိမ်းအကြို ပီတန်းပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနှင့်အတူ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ထိုင်းနိုင်ငံတို့ ပါဝင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာပီတန်းအားကစား အဖွဲ့၌ အမျိုးသားအားကစားသမား ၁၄ ဦးနှင့် အမျိုးသမီးအားကစား သမား ၁၄ ဦး စခန်းသွင်းလေ့ကျင့် လျက်ရှိသည်။ ဆီးဂိမ်းအကြို အားကစားပြိုင်ပွဲများကို လာမည့်
အောက်တိုဘာလ အတွင်း နောက်ဆုံးထား ကျင်းပရန် အားကစားဝန်ကြီးဌာနမှ အားကစားအဖွဲ့ချုပ်များသို့ လမ်းညွှန်ထားကြောင်း သိရသည်။
Post a Comment