
ဧရာ၀တီတိုင်းဒေသကြီးတွင်
ရေယာဉ်အများဆုံးအသုံးပြုသည့် မြို့နယ်များတွင် မော်လမြိုင်ကျွန်းနှင့်
ဘိုကလေး မြို့နယ်တို့ပါဝင်လျက်ရှိရာ
မော်ကျွန်း-ရန်ကုန်ပြေးဆွဲခုတ်မောင်းနေကြသော ပြည်တွင်းရေကြောင်း
ပို့ဆောင်ရေး သုံးထပ်ရေယာဉ်များ၊ ပုဂ္ဂလိကနှစ်ထပ်ရေယာဉ်များ၊
ပုသိမ်သူရှပ်ပြေးရေယာဉ်များနှင့် ရွှေစင်ကြယ်ရှပ်ပြေးရေယာဉ်များ သည် ယခင်က
အပြိုင်အဆိုင်ပြေးဆွဲမှုမရှိဘဲ ပုံမှန်ပြေးဆွဲခုတ်မောင်း လျက် ရှိသည်။
စက်တင်ဘာ ၅ ရက်မှစပြီး ရေယာဉ် အပြိုင်ပြေးဆွဲမှုများရှိလာရာ ပုဂ္ဂလိက
ရေယာဉ်များ၊ ပုသိမ်သူ ရှပ်ပြေးရေယာဉ်များနှင့် ရွှေစင်ကြယ် ရှပ်ပြေး
ရေယာဉ်များသည် လက်ရှိ ရေယာဉ် စီးခဈေးနှုန်းထက် ၄၀ ရာခိုင်နှုန်း
လျှော့ချပြီး အပြိုင်ပြေးဆွဲ လျက်ရှိနေကြသည်။
ထို့အပြင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်
မော်ကျွန်း-ရန်ကုန် ပြေးဆွဲနေသော သုံးထပ်ရေယာဉ် များဖြစ်သည့် ဗလကျော်စွာ၊
ဗလမင်း ထင်နှင့် ဗညားဦးရေယာဉ်များသည် ယခင်ကရိုးရိုးတန်း ရေယာဉ်စီးခ ကျပ်
၂၀၀၀ နှုန်းရှိရာမှ ယခုကျပ် ၁၅၀၀ ဈေးနှုန်းသို့ လည်းကောင်း၊
နှစ်ယောက်သီးသန့်ခန်းများတွင် ယခင်က ကျပ် ၁၁၀၀၀ နှုန်းရှိရာမှ ယခု ကျပ်
၈၀၀၀ နှုန်းသို့ စက်တင်ဘာ ၅ ရက်မှစပြီး ဈေးလျှော့ ချပြေးဆွဲ
ပေးနေပြီဖြစ်သည်။
“ကျွန်တော်တို့က ပြည်သူ့အကျိုး အတွက်
ရေကြောင်းပို့ဆောင်ရေး ရေယာဉ်များကို ဈေးနှုန်းလျှော့ချ
ပြေးဆွဲပေးနေပါတယ်၊ ဈေးနှုန်း လျှော့ချပေမယ့် ပြည်သူ့ဝန်ဆောင်မှု ကိုတော့
တိုးမြှင့်ထားပါတယ်၊ ပြည်သူ တွေ သက်သောင့်သက်သာ လိုက်ပါ နိုင်ဖို့၊
ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်ဖို့အတွက် ရိုးရိုးတန်းခရီး သည်
လိုက်ပါလာတဲ့နေရာတွေမှာ သစ်သားကွပ်ပျစ်နဲ့ ကော်ဇောခင်း ပေးထားပါတယ်၊
ကုန်စည်တင် ဆောင်မှု ကိုလည်း ပစ္စည်းအရေ အတွက်ပေါ်မူတည်ပြီး သင့်လျော်
တဲ့ဈေးနဲ့ ဝန်ဆောင်မှုပေးနေပါတယ်၊ မော်ကျွန်းနဲ့ ဘိုကလေးကတော့
ရေယာဉ်စီးခရီးသည် အများဆုံး စီးနင်းလိုက်ပါပါတယ်၊ ဆက်လက်ပြီး ပြည်သူ့ဝန်
ဆောင်မှု တိုးမြှင့်ပေးနိုင်ဖို့ အစီအစဉ်ရှိပါတယ်” ဟု မြို့နယ်
ရေကြောင်းပို့ဆောင်ရေးကိုယ်စားလှယ် ဦးအောင်မိုးနှင့် စာရေးကြီး ဦးနိုင်ဝင်း
တို့က ပြောပြကြသည်။
“ကျွန်တော်ကတော့ ရေကြောင်း ပို့ဆောင်ရေး ရေယာဉ်များ
ဈေးနှုန်း လျှော့ချပြီးနောက်ပိုင်း မော်ကျွန်း-ရန်ကုန် ခရီးစဉ်မှာ
ရေယာဉ်စီးနင်း ရတာ သိပ်အဆင်ပြေပါတယ်၊ ရန်ကုန်ကို နံနက် ၄ နာရီမှ ၅ နာရီ
အတွင်း ရောက် ရှိပါတယ်၊ မိမိလိုရာ ခရီးကိုလည်း ခရီးဆက်နိုင်ပါတယ်၊
အခုလို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရေယာဉ်များက ပြည်သူ့
ဝန်ဆောင်မှုပေးနေတာမို့ ဝမ်းသာ မိပါတယ်”ဟု ခရီးသွားတစ်ဦးကပြော သည်။
(မော်ကျွန်းမြင့်အောင်)
No comments:
Post a Comment