ပည်တွင်းရှိ နယူးဇီလန် နိုင်ငံထုတ် နို့ထွက်ပစ္စည်းများကို စစ်ဆေးရာ အစာအဆိပ်သင့်စေသော ပိုးမွှားများ မတွေ့ရကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၏ ထုတ်ပြန်ချက်အရ သိရသည်။

နို့ထွက်ပစ္စည်းအချို့တွင် အစားအသောက်များတာရှည်ခံမှုကို လျော့နည်းစေသော Clostridium Sporogenes သာ ပါရှိနေပြီး ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိကြောင်း စက်တင်ဘာ ၆ ရက်က FDA မှ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

သြဂုတ်လအတွင်းက နယူးဇီလန်နိုင်ငံ Fonterra ကုမ္ပဏီ၏ ထုတ်လုပ်မှုမသန့်ရှင်းခြင်းအချို့ကြောင့် တရုတ်၊ မလေးရှား၊ ဗီယက်နမ်နှင့် ဆော်ဒီနိုင်ငံများသို့  တင်သွင်းသည့် ကုန်ကြမ်းပစ္စည်းများတွင် ကလေးငယ်များအား အဆိပ်ဖြစ်စေသည့်ပစ္စည်းများ ပါဝင်နေသည်ဟုသိရှိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများတွင် နို့မှုန့်များအားပြန်လည်ရုပ်သိမ်းခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း FDA မှ စိစစ်ခဲ့ခြင်း ဖြစ်သည်။

““အခုလတ်တလော ဖြစ်ပွားနေတဲ့ အခြေအနေပေါ်မူတည်ပြီး စိစစ်မှုကို ထုတ်ပြန်တာပါ။ တခြားနိုင်ငံစုံဝင်ရောက်မှုတွေလည်း စိစစ်ပါတယ်”” ဟု FDA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်တွင်းနို့မှုန့်တင်သွင်း ဖြန့်ဖြူးသော Dumex ကုမ္ပဏီက မြန်မာနိုင်ငံသို့ တင်သွင်းခြင်းပစ္စည်းများတွင် ပြသနာမရှိသည့်အတွက် အန္တရာယ်မရှိသဖြင့် ဈေးကွက်မှ ပြန်လည်သိမ်းယူခြင်းမရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် နို့မှုန့်များတွင်လည်း မယ်လမင်းပါဝင်မှုကြောင့် ကလေးငယ်များတွင် မယ်လမင်းအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဖူးသည်။

Post a Comment

 
Top