ရီဟန်းနား၏ VEVO တေးသီချင်းသည် You Tube ဝက်ဘ်ဆိုက်တွင် ကြည့်ရှုသူ ပရိသတ် လေးဘီလီယံ အထိ မြင့်တက် လာခဲ့ ပြီးနောက် ဆယ်ကျော်သက် အဆိုတော် ဂျက်စတင် ဘီဘာကို ကျော်လွန်၍ ကြည့်ရှုသူ အများဆုံး တေးသီချင်း အဆိုရှင် ဖြစ်လာခဲ့ကြောင်း သိရသည်။

ရီဟန်းနားက သူမ၏ VEVO တေးသီချင်း အောင်မြင်မှုနှင့် ပတ်သက်၍ မိမိကိုယ်မိမိ VEVO ဘုရင်မအဖြစ် ခံစား မိကြောင်း တွစ်တာ ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။ ရီဟန်းနား၏ တေးဂီတ ဗီဒီယို ၁၂ ခုသည် ကြည့်ရှုသူသန်း ၁ဝဝ ကျော်စီ ရှိခဲ့ပြီး သမိုင်းတွင်ခဲ့သည့် တေးသီချင်းမှာ ၂ဝဝ၉ခုနှစ်က သီဆိုခဲ့သော Russian Roulette တေးသီချင်း ဖြစ်သည်။

ထို့ပြင် ရီဟန်းနား၏ Diamonds တေးသီချင်းသည်လည်း ကြည့်ရှုသူ ၃၃၁သန်းကျော် ရှိခဲ့ပြီး ပရိသတ် အများဆုံး ဝင်ရောက် ကြည့်ရှုသည့် တေးသီချင်းအဖြစ် သမိုင်းမှတ်တိုင် ထူနိုင်ခဲ့သည့် သီချင်း ဖြစ်သည်။

Post a Comment

 
Top