Thursday, December 4, 2014

လာဘ်စားသောနိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံ တစ်ဆင့်တိုးလာသော်လည်း အောက်ဆုံးနိုင်ငံများတွင် ပါဝင်နေဆဲ

 
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ ကလေးငယ်များ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

 နိုင်ငံတကာပွင့်လင်းမြင် သာမှုအဖွဲ့အစည်းကထုတ်ပြန် လိုက်သည့် လာဘ်စားသောနိုင်ငံ များ စာရင်းတွင် မြန်မာနိုင်ငံက ယခင်နှစ်ထက် အဆင့်တစ်ဆင့် မြင့်တက်သွားသော်လည်း အောက်ဆုံး ၁၉ နိုင်ငံထဲ၌ ပါဝင်ဆဲဖြစ်သည်။


နိုင်ငံပေါင်း၁၇၄ နိုင်ငံပါဝင် သည့် လာဘ်စားသောနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ဇင်ဘာ ဘွေ၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် အဆင့်တူ ၁၅၆ ၌ ရပ်တည်နေ ခြင်းဖြစ်ပြီး ယခင်နှစ်အဆင့် ၁၅၇ မှ မြင့်တက်သွားခြင်းဖြစ်သည်။
စစ်အစိုးရလက်ထက်တွင် လာဘ်စားသော နိုင်ငံများစာရင်း တွင် အောက်ဆုံးမှ ရေတွက်ပါက အဆင့် ၂နှင့် ၃ တို့တွင် ရပ်တည် နေခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် အဆင့် မြင့်တက်လာသော်လည်း အောက်ဆုံးစာရင်းမှ ရုန်းထွက်နိုင် ခြင်းမရှိသေးပေ။
‘‘ဒီလိုပဲ ရွေ့ရမှာပဲ။ အရေး ကြီးတာက ဦးတည်ရာကောင်းဖို့ ပါပဲ။ ကိုယ်လိုချင်တဲ့ လျင်မြန်မှု မရသေးဘူးပေါ့။ ခြစားမှုက ယဉ် ကျေးမှုလိုဖြစ်နေတော့ ချက်ချင်း ကြီးတော့ မလွယ်သေးဘူးလေ။ တိုးတက်လာတာကတော့ ပိုဆိုး သွားတာထက်စာရင် ကောင်းတာ ပေါ့’’ဟု ဒေါက်တာအောင်ထွန်း သက်ကပြောသည်။
ဦးသိန်းစိန်အစိုးရတက်လာ ချိန်တွင် လာဘ်စားသောနိုင်ငံစာ ရင်းမှ ဆယ်ဆင့်ကျော်မြင့်တက် လာခဲ့သော်လည်း ယခုနှစ်တွင်မူ သိသိသာသာပြောင်းလဲသွားမှုမရှိ ဘဲ တိုးတက်မှုနှေးကွေးသွားခဲ့ခြင်း ဖြစ်သည်။
‘‘၂၀၁၄ လာဘ်စားမှု ညွှန်း ကိန်းက စီးပွားရေး ကြီးထွားမှု အားနည်းစေမှုကို ပြသနေပြီး ခေါင်းဆောင်တွေနဲ့ အစိုးရအဆင့် မြင့်အရာရှိတွေက ပြည်သူ့ဘဏ္ဍာ တွေကို သူတို့အကျိုးအမြတ် အ တွက် အာဏာအလွဲသုံးစားလုပ် တဲ့အချိန်မှာ လာဘ်စားမှုကို တိုက် ဖျက်ဖို့  အားထုတ်ရမှာ ဖြစ်ပါ တယ်’’ဟု နိုင်ငံတကာ ပွင့်လင်း မြင်သာမှုအဖွဲ့ ဥက္ကဋ္ဌ မစ္စတာJose Ugaz က ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ ငွေကြေး ခ၀ါချမှုဖြစ်ပွားနေခြင်းသည် စီး ပွားရေးကြီးထွားမှုအတွက် လာဘ်စားမှုကို တိုက်ဖျက်ရာတွင်အခက် အခဲဖြစ်စေကြောင်း ဖော်ပြထား သည်။
မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး နောက် ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီတွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို အငြိမ်းစား အရာရှိများဖြင့် ဖွဲ့စည်းခဲ့သည်။
 သို့သော်  သြဂုတ်တွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်အားအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖြစ် အမည်ပြောင်းလဲခဲ့သည်။
အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်သည် သက် တမ်းခြောက်လအတွင်း တိုင်ကြား စာ ၅၃၃ စောင်လက်ခံရရှိပြီး သုံး စောင်ကို စုံစမ်းစစ်ဆေးအရေးယူ ခဲ့ပြီးဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Credit-7daily


No comments:

Post a Comment