ဓာတ်ပုံ − Yangon Police

စင်ကာပူနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပျံသန်းလာသည့် အပြည် ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI ပိုင် လေယာဉ်တစ်စီးသည် ဒီဇင်ဘာ ၁၀ ရက် ညနေက ရန်ကုန်လေဆိပ်သို့ မဆင်းမီ ငှက်တစ်ကောင်နှင့် တိုက်မိ၍ လေယာဉ်၏ထိပ်ပိုင်း ပေါက်ပြဲသွားသော်လည်း ဘေးအန္တရာယ်ကင်း စွာ ဆင်းသက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

စင်ကာပူမှ ရန်ကုန်သို့ ပျံ သန်းလာသော MAI လေကြောင်းမှ အဲဘတ်စ် အေ-၃၁၉ လေ ယာဉ်သည် ရန်ကုန်လေဆိပ်သို့ ဆင်းသက်ရန် ၁၀ မိနစ်ခန့်အလို အမြင့်ပေ လေး ထောင်ခန့်မှ ဖြတ်ပျံသန်းစဉ် ငှက်များနှင့် ၀င်တိုက်မိပြီး လေယာဉ်၏ ဦးထိပ်ပိုင်းတွင် တစ်ပေခန့် ပေါက်ပြဲသွားခြင်း ဖြစ်သည်။

‘‘ခရီးသည်တွေလည်း ဘေး ကင်းပါတယ်။ ခရီးစဉ်ကလည်း မပျက်ပါဘူး။ ဒါပေမဲ့ လေယာဉ်ထိပ်ပိုင်းအပြင်ဘက်ကို ထိသွားတယ်။ အတွင်းပိုင်း ထိမထိ ဆိုတာကိုတော့ စစ်ဆေးနေပါတယ်’’ဟု MAI မှာ ဈေးကွက်ရှာဖွေရေးမန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။

ယင်းလေယာဉ်တွင် လေ ယာဉ်အမှုထမ်း ရှစ်ဦးနှင့် ခရီး သည် ၁၂၀ ဦးလိုက်ပါလာခဲ့သည်။

လက်ရှိတွင် MAI လေကြောင်းလိုင်းသည် အဲဘတ်စ်အမျိုးအစား လေယာဉ် ကိုးစီးဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိနေသည်။

‘‘ငှက်ရဲ့ အရွယ်အစားရယ် လေယာဉ်ရဲ့ အရှိန်ရယ်ပေါ် မူ တည်ပြီးတော့ ဖြစ်တာပါ။ ပြီးတော့ အဲဒီနေရာက လေယာဉ်နှာ ခေါင်းလို့ခေါ်တယ်။ အဲဒီထိပ်ပိုင်း က သံထည်မဟုတ်ဘူး။ ဖိုက်ဘာ ဖြစ်တာကြောင့် ကွဲသွားတာပါ’’ ဟု လေကြောင်ဦးစီးမှ ညွှန်ကြား ရေးမှူး ဦးမျိုးသန့်က သုံးသပ်သည်။

လေယာဉ်ဦးပိုင်းကို ယခုကဲ့ သို့ ငှက်တိုက်မိမှုမျိုးသည် မြန်မာ နိုင်ငံ၌ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်ကလေယာဉ်၏ ကိုယ်ထည် ကို တိုက်မိခြင်း၊ လေယာဉ်ဘီးကို တိုက်မိခြင်းမျိုးသာ ဖြစ်ခဲ့ဖူး ကြောင်း ဦးမျိုးသန့်ကဆိုသည်။

Credit-7daydaily

Post a Comment

 
Top