သီချင်းဆိုပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်လူကြီးအဖြစ် တာဝန်ယူနေတဲ့ အဆိုတော် ခင်မြတ်မွန်က သူ့ရဲ့သား ရေမွန်(Idiots)ကို အဆိုတော် လေးဖြူက မြေတောင်မြှောက်ပေးခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်ပြီး ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ ရေမွန်တစ်ယောက် ဝမ်းစာပြည့်ပြီလို့ ခင်မြတ်မွန် ယူဆလား။

“ရေမွန်က နဂိုကတည်းက မအောင်မြင်သေးဘူး။ အရည်အချင်းတော့ ရှိပါတယ်။ ရွက်ပုန်းသီးပေါ့။ Musicနဲ့ပတ်သက်တဲ့ ဝမ်းစာတော့ ပြည့်ပြီ။ အခွေတစ်ခွေထုတ်ဖို့အတွက် သူ့မှာအရင်းအနှီးမရှိသေးဘူး။ ကျမကလည်း သူ့ကို အရင်းအနှီး အပုံလိုက် ချမပေးနိုင်ဘူး။ အဲဒီမှာသူက ကျမနဲ့ ဟာမိုနီဆိုလိုက်၊ သူ့ဟာသူ ပိုက်ဆံလေးစုလိုက်နဲ့ ရီကောဒင်းလုပ်နေတာပေါ့နော်”လို့ အဆိုတော် ခင်မြတ်မွန်က ကမာရွတ်မီဒီယာကို ပြောပြပါတယ်။

“ကိုလေးဖြူနဲ့ တွေ့တဲ့အခါကျတော့ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရည်အချင်းရှိတဲ့ကလေးကို သူက မြေတောင်မြှောက်ပေးချင်တယ်။ စင်တင်ပေးချင်တယ်။ အဲဒီဆန္ဒ၊ အဲဒီစိတ်နဲ့ ကိုလေးဖြူက အကောင်အထည်ဖော်ပေးတာပါ။ သားဖြစ်သူကို အခွေလည်းထုတ်ပေးတော့ အရမ်းလည်း ဝမ်းသာတယ်။ ကိုလေးဖြူကိုလည်း ကျေးဇူးလည်းအရမ်းတင်ပါတယ်”

ဂီတနဲ့ပတ်သက်ရင် အခြေခံဝမ်းစာရှိဖို့အတွက် သူတတ်မြောက်ထားတဲ့ပညာကို လက်ဆင့်ကမ်းပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ခင်မြတ်မွန်ဟာ ဂီတသင်တန်းတစ်ခုကို ဖွင့်ထားပြီး အဆိုတော် ဝိုင်းစုခိုင်သိန်း၊ ခွန်းဆင့်နေခြည်တို့ကို အောင်မြင်တဲ့ အဆိုတော်တွေဖြစ်အောင် မွေးထုတ်ပေးခဲ့ပါတယ်။



သားဖြစ်သူ ရေမွန်ရဲ့ လူအ ဂီတ သီချင်းအယ်လ်ဘမ်ရဲ့ Music Video ဟာ ၂ဝ၁၄ နှစ်ကုန်မှာ အကောင်အထည်ပေါ်တော့မှာဖြစ်ပြီး သမီးဖြစ်သူကိုလည်း သီချင်းအယ်လ်ဘမ်ထုတ်ပေးဖို့ အစီအစဉ်ရှိပေမယ့် ဆယ်တန်းဖြေပြီးမှပဲ လုပ်ပေးမယ်လို့ ဆိုပါတယ်။

Credit@Kamayut Media
#Gamone Pan Media 

Post a Comment

 
Top