ဂျပန်နိုင်ငံ အာဝါချီမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံတကာကလေးများ ရုပ်ရှင်ပွဲတော်မှာ ပါဝင်ခဲ့ပြီး ဆုရရှိခဲ့တဲ့ မြန်မာကလေးငယ်တွေကို ရုပ်ရှင်အစည်းအရုံးက ဒီဇင်ဘာ ၈ရက်နေ့မှာ မိတ်ဆက်အခမ်းအနား ကျင်းပခဲ့ပါတယ်။


နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတာသိလို့ မြန်မာတွေရဲ့ စရိုက်နဲ့ ယဉ်ကျေးမှုကိုဖော်ပြတဲ့ Priceless Donation ဆိုတဲ့ ဇာတ်လမ်းကို ဖန်တီးခဲ့တာမို့ မျှော်လင့်ချက်ထားပြီး ယှဉ်ပြိုင်ခဲ့တဲ့အကြောင်း ဖြူစင်အေးက ပြောပြပါတယ်။

နိုင်ငံ ၁၆နိုင်ငံက ပါဝင်တဲ့ ဇာတ်ကားတွေကို ဂျပန်နိုင်ငံမှာ စိစစ်ရွေးချယ်တာဖြစ်ပြီး မြန်မာနိုင်ငံက ကလေးငယ်တွေကတော့ My Dreamဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေသစ်နီနဲ့ ဖြူစင်အေးတို့ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ဆုတွေကို ရရှိခဲ့ပါတယ်။

မြန်မာကလေးငယ်တွေ နိုင်ငံတကာမှာ ထိုးဖောက်လာနိုင်တာကို ဝမ်းသာပီတိ ဖြစ်မိတဲ့အကြောင်း၊ နိုင်ငံတကာမှာလည်း အမြင့်ဆုံး ဆုတွေရခဲ့တာမို့ တစ်ချိန်က မျက်နှာငယ်ခဲ့ရတဲ့ဘဝတွေကနေ ကမ္ဘာမှာ မြန်မာဟေ့လို့ သိလာအောင် လုပ်ပေးတဲ့ ကလေးငယ်တွေကို ဂုဏ်ယူတယ်လို့ ဥက္ကဌ ဦးလူမင်းက ပြောပါတယ်။

နိုင်ငံတကာသွားပြီး ယှဉ်ပြိုင်ရတာကြောင့် အတွေ့အကြုံကောင်းတွေ အများကြီးရသလို တန်ဖိုးဖြတ်မရတဲ့ အလှူတစ်ခုကို တင်ဆက်ထားတဲ့ မြန်မာကလေးတွေရဲ့ ဇာတ်ကားဟာ အခြားနိုင်ငံက ဇာတ်ကားတွေနဲ့ ယှဉ်ရင် အိပ်မက်ထက် လက်တွေ့ပိုကျတာကြောင့် ထူးခြားသွားတာ ဖြစ်မယ်လို့ ထက်သီရိအောင်က ဆိုပါတယ်။

Source:Kamayut Media

#ဂမုန်းပန်း မီဒီယာ
09 Dec 2014

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top