နေပြည်တော်၊ ဒီဇင်ဘာ ၈
၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံမြို့ဟောင်းကားလမ်းမကြီး၊ အမှတ်(၇)နယ်မြေ၊ ဝက်ကြီးအင်းရပ်ရှိ အလိုတော်ပြည့် ဘုရားသို့သွားရာ မြေသားလမ်းတွင် နိုင်ငံခြားသား(၂)ဦး စက်ဘီးလဲကျ၍ ဒဏ်ရာများရရှိကြောင်း သတင်းအရ မော်တော်ယာဉ်လှည့်ကင်းတာဝန်ဆောင်ရွက်နေသည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့စု(ပုဂံ)မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ စပိန်နိုင်ငံသား Mr. Iranzo Oscar နှင့် Ms. Marca Tello Patricia တို့အား ဝဲ/ယာဒူး၊ တံတောင်၊ ခြေသလုံးပွန်းပဲ့ဒဏ်ရာ များဖြင့် တွေ့ရှိရပြီး လျှပ်စစ်စက်ဘီးတစ်စီးအား နှစ်ဦးအတူစီးနင်းလာစဉ် စက်ဘီးလဲကျရာမှ ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် လှည့်ကင်းယာဉ်ဖြင့် ညောင်ဦးမြို့၊ ဇေယျဝတီရပ်ကွက်ရှိ Royal Bagan Clinicအထူးကုဆေးခန်းသို့ ကူညီပို့ဆောင်၍ ဆေးကုသမှုခံယူစေကာ နေ့လယ် ၁ နာရီ ၂ဝ မိနစ်အချိန် ၎င်းတို့တည်းခိုနေထိုင်ရာ ''ပဉ္စရူပ''တည်းခိုခန်းသို့ ပြန်လည်ပို့ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

Credit-ရဲဇာနည်

Post a Comment

 
Top