Wednesday, December 10, 2014

Lamborghini က ထုတ်လုပ်လိုက်တဲ့ ဒေါ်လာ ခြောက်ထောင်တန် စမက်ဖုန်း


နည်းပညာတွေဟာ လူသားတွေရဲ့ လိုအပ်ချက်တွေကို တစ်နည်းနည်းနဲ့ ဖြစ် အောင် ဖန်တီးပေးနိုင်လာပါပြီ။ ယခုဆိုရင် ကားကုမ္ပဏီတစ်ခု ဖြစ်တဲ့ Lamborghini ကနေ နောက်ဆုံးစမက်ဖုန်းအဖြစ် ထုတ်လုပ်လိုက်တာကတော့ Lamborghini 88 Tauri ဆိုတဲ့ စမက်ဖုန်းဖြစ်ပါတယ်။


အဆိုပါ စမက်ဖုန်းဟာ Android OS ကို အခြေခံကာ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ခြောက်ထောင်ကျော်တန်ပါတယ်။ ဖုန်းကိုယ်ထည်ကို လယ်သာသားရည် အပါအ၀င် စတီးတို့နဲ့ အချိုးညီမျှစွာ ပေါင်းစပ်ထုတ်လုပ် ထားပါတယ်။

မျက်နှာပြင်အရွယ်အစား ၅ လက်မရှိပြီး CPU စနစ်အတွက် quad-core Qualcomm 801 Processor ကို အသုံးပြုထားပါတယ်။ အဆိုပါစမက်ဖုန်းဟာ ရင်ခုန်စရာ ကောင်းလောက်အောင် လှပပြီး တန်ုဖိုးကြီးလွန်းတဲ့ ဇိမ်ခံပစ္စည်း တွေထဲကို ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး သူ့လိုပဲအခြားသော နာမည်ကြီး တံဆိပ်တွေအဖြစ် Porsche ပုံစံဒီဇိုင်းအတိုင်း ထုတ်ထားတဲ့ BlackBerryP'9883 သို့မဟုတ် အခြားသော Vertu တို့ရဲ့ ထုတ်ကုန်တွေလဲ ရှိပါတယ်။

Lamborghini 88 Tauri စမက်ဖုန်းကို အလုံးရေ ၁၉၄၇ လုံးပဲ ထုတ်လုပ် မှာဖြစ်ပြီး စိတ်ကြိုက်ပုံစံအလွှာ များဖြင့်လည်း မှာယူနိုင်မယ်လို့ ဆိုပါတယ်။ အဆိုပါ ဖုန်းကို ယခုလကုန်ပိုင်း လောက်မှာ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်တစ်ချို့မှာ စတင်ရောင်းချမယ်လို့ဆိုပါတယ်။

Ref : engadget

|───────────Yangon Media Group ──────────|

#ဂမုန်းပန်း

No comments:

Post a Comment