ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင်ဟောင်း ပြင်သစ်သားကြီးက လက်ရှိ Ballon d'Orဆုရှင် လီယွန်နယ်လ် မက်ဆီသည် ရော်နယ်လ်ဒိုနှင့် ရစ်ဘာရီတို့နောက်မှသာ တန်းစီသင့်ကြောင်း ယူဆနေသည်။ ဘာစီလိုနာ အသင်းမှ အာဂျင်တီးနား လက်ရွေးစင်သည် စံချိန်တင် စွမ်းဆောင်မှု တစ်ခုအဖြစ် Ballon d'Orကို (၄)နှစ်ဆက် ရယူထားသော်လည်း ယခုနှစ်အတွက်မူ ၎င်းအားကစား ဒါရိုက်တာ အဖြစ် တာဝန်ယူနေသည့် ရီးယဲလ်မက်ဒရစ်မှ တိုက်စစ်မှူး ရော်နယ်လ်ဒို၊ မိမိနှင့် တစ်နိုင်ငံတည်းသားဖြစ်သည့် ဘိုင်ယန်မြူးနစ် တောင်ပံသမား ရစ်ဘာရီတို့သာ အဆိုပါဆုနှင့် ထိုက်တန်ကြောင်း ဇီဒန်းက ပြောသွားခဲ့ပါတယ်

 မြန်မာအွန်လိုင်းသတင်း  9.9.2013
ရစ်ဘာရီသည် ပြီးခဲ့သည့်ရာသီ ဘိုင်ယန်အသင်း အထင်ကရ ဆုဖလား(၃)လုံး ရယူမှု အောင်ပွဲတွင် အဓိက နေရာမှ ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ် အကောင်းဆုံး ကစားသမားဆုကို ရော်နယ်လ်ဒိုနှင့် မက်ဆီတို့အား ကျော်ဖြတ် ရယူနိုင်ခဲ့သည်။ ဇီဒန်းက အသက်(၃၀)အရွယ် ရစ်ဘာရီသည် Ballon d'Orဆုအတွက် ရော်နယ်လ်ဒိုနှင့် အဓိက ပြိုင်ဆိုင်သင့်ကြောင်း ဆိုသည်။ "ကျွန်တော်ကတော့ ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက် ရမယ်လို့ပဲ ထင်တယ်။ ခက်တာက နှစ်ယောက်စလုံးကလည်း Ballon d'Orနဲ့ ထိုက်တန်တဲ့သူတွေ ဖြစ်နေတာပါ"ဟု ဇီဒန်းက ပြောကြားသွားသည်။

Post a Comment

 
Top