မြန်မာအွန်လိုင်းသတင်း  9.9.2013

ဂျော်ဒန်ထောက်လှမ်းရေးအရာရှိ  တစ်ဒါဇင်နီးပါးကို  အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ)သို့ သတင်းမှားယွင်းပေးမှုဖြင့် ဖမ်းဆီးလိုက်သည်။  ဆီးရီးယားနှင့်  ဂျော်ဒန်တို့ဆက်ဆံရေးကောင်းမွန်နေချိန် အမေရိကန်တို့က ဂျော်ဒန်အဆင့်မြင့်အရာရှိများအား ဆီးရီးယားနှင့် ပတ်သက်သော ထိခိုက်လွယ်သည့် သတင်းအချက်အလက်များ ထောက်ပံ့ကူညီပေးရန် တောင်းဆိုခဲ့ကြောင်း ဂျော်ဒန်သတင်းရပ်ကွက်က ပြောသည်။ သို့သော်လည်း ဂျော်ဒန်အရာရှိများသည် စီအိုင်အေသို့ သတင်းမှားများပေးခဲ့သည်ဟုဆိုသည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဂျော်ဒန်ဘုရင်အဗ္ဗဒူလာ ၂ က အနည်းဆုံး ဗိုလ်မှူးကြီး ခြောက်ဦးနှင့် အရာရှိလေးဦးအား ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့သည်။

Post a Comment

 
Top