
မြန်မာအွန်လိုင်းသတင်း 13.9.2013
-------------------------------------------------------------------------------------------------------------
ပရီမီယာလိဂ်ပွဲစဉ်(၄)ကို စက်တင်ဘာ ၁၄၊ ၁၅၊ ၁၇
ရက်တွေမှာ ကျင်းပသွားဖို့ ရှိပါတယ်။ ဒီပွဲစဉ်မှာလီဗာပူးနဲ့ ချယ်လ်ဆီးတို့ဟာ
အသင်းကောင်းတွေဖြစ်တဲ့ အဲဗာတန်နဲ့ ဆွမ်ဆီးတို့ရဲ့အိမ်ကွင်းတွေမှာ
သွားရောက်ကစားရမှာ ဖြစ်လို့ ရလဒ်ကောင်းပါ့မလားဆိုတာ စောင့်ကြည့်ရပါမယ်။
မန်ယူ - ပဲလေ့စ်
ည - ၆း၁၅ (၁၄-၉-၂၀၁၃)
လီဗာပူးကိုရှုံးခဲ့ရတဲ့အတွက် မန်ယူတို့အနိုင်ရအောင်
မဖြစ်မနေအားစိုက်လာမှာပါ။ ရွန်းနီဒဏ်ရာရနေပေ မယ့် ဗန်ပါစီ၊
ဝဲလ်ဘတ်တို့ရှိသလို ဖယ်လာနီကိုလည်း ခေါ်ယူထားလို့
မန်ယူအားမပျော့နိုင်ပါဘူး။ အိမ်ကွင်း လည်းဖြစ်လို့
ပွဲကိုဂရုတစိုက်ကစားသွားဖို့ရှိပါတယ်။
ဗီလာ - ကာဆယ်
ည-၈း၃၀(၁၄-၉-၂၀၁၃)
ခြေမကွာပါဘူး။
နှစ်သင်းစလုံးတစ်ပွဲစီသာအနိုင်ရထားသေးလို့ အနိုင်ရဖို့အားစိုက်လာမှာပါ။
ဒီနှစ်သင်းရဲ့ အဓိကခြားနားမှုက ထိုးစစ်ပိုင်းဖြစ်ပြီး အဘွန်လဟော၊
ဘန်တီကီတို့ရဲ့ဗီလာထိုးစစ်ဟာ ကာဆယ်ရဲ့အမီယိုဘီ၊ ဆစ်ဆေးတို့ထက်သာပါတယ်။
ဗီလာရဲ့ကွင်းလည်း ဖြစ်ပါ တယ်။
ဖူလ်ဟမ် - ဝက်စ်ဘရွန်း
ည-၈း၃၀ (၁၄-၉-၂၀၁၃)
ဖူလ်ဟမ်က တိုက်စစ်ပိုင်း အားပျော့နေဆဲပါ။ ဒါပေမယ့်
အသင်းလိုက်ကစားပုံကောင်းသလို အိမ်ကွင်းလည်း ဖြစ်ပါတယ်။ ဝက်စ်ဘရွန်းက
သုံးပွဲကစားအနိုင်မရှိသေး သလို တိုက်စစ်ကလည်းတစ်ဂိုးမှ
သွင်းယူနိုင်ခြင်းမရှိ သေးပါဘူး။
သွင်းဂိုးနည်းမယ့်ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်။
ဟားလ်-ကာဒစ်ဖ်
ည-၈း၃၀(၁၄-၉-၂၀၁၃)
ဟားလ်ရဲ့ခြေကမငြိမ်ပါဘူး။ တိုက်စစ်ကလည်း တစ်ဂိုးသာ
သွင်းနိုင်ပါသေးတယ်။ ဒါကြောင့် အိမ်ကွင်းဖြစ် ပေမယ့်
ကာဒစ်ဖ်ကိုအသာရဖို့ရုန်းကန်ရမှာပါ။ ကာဒစ်ဖ် က အဝေးကွင်းပွဲတွေမှာ
ခြေမငြိမ်ဘူးဆိုပေမယ့် လက်ရှိ
အသင်းလိုက်ကစားပုံနဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရည်က ကောင်းပါတယ်။
စတုတ်-မန်စီးတီး
ည-၈း၃၀(၁၄-၉-၂၀၁၃)
စတုတ်ကအိမ်ကွင်းခြေမာတယ်။ တိုက်စစ်ပိုင်းကပုံမှန်
ဂိုးသွင်းခြေမရှိပေမယ့် ခံစစ်ပိုင်းကျစ်လျစ်ပြီး အသင်း
လိုက်ကစားပုံကောင်းပါတယ်။
မန်စီးတီးအနေနဲ့နိုင်ပွဲရအောင်အားစိုက်လာမှာဖြစ်ပေမယ့် စတုတ်ရဲ့အိမ်ကွင်း
ခံကစားအားကိုလွယ်လွယ်ကျော်ဖြတ်လို့မရနိုင်ပါဘူး။
ဆန်းဒါးလန်း-အာဆင်နယ်
ည-၈း၃၀(၁၄-၉-၂၀၁၃)
အိုဇေးလ်ဝင်ရောက်လာတဲ့ အာဆင်နယ်ကွင်းလယ် က
တောင့်တင်းမှုရှိလာနိုင်တယ်။ ဒါ့အပြင် ဂီရောက်ဒ်
ခြေစွမ်းပြနေတာကြောင့်လည်း တိုက်စစ်ကဂိုးသွင်းခြေရ နေတယ်။
ဆန်းဒါးလန်းကအိမ်ကွင်းမှာ ကစားရမှာဆိုပေ မယ့်
သုံးပွဲကစားနိုင်ပွဲမရှိသေးတဲ့ ခြေကအားပျော့နေတယ်။
စပါး-နော့ဝှစ်ခ်ျ
ည-၈း၃၀(၁၄-၉-၂၀၁၃)
နော့ဝှစ်ခ်ျရဲ့ကစားအားမဆိုးဘူး။ သုံးပွဲမှာတစ်ပွဲပဲ
ရှုံး သေးတယ်။ စပါးက ကစားပုံမဆိုးပေမယ့် အသင်းလိုက် နားလည်မှုနဲ့ဆို
ဒါဒိုပုံမှန်ခြေမရှိမှုတို့က အားနည်းချက် တွေဖြစ်နေတယ်။ ဒါပေမယ့် စပါးကလည်း
အာဆင်နယ် ကို ရှုံးခဲ့ရလို့အားစိုက်လာမယ့်အပြင် အိမ်ကွင်းလည်း ဖြစ် တယ်။
အဲဗာတန်-ချယ်လ်ဆီး
ည-၁၁း၃၀(၁၄-၉-၂၀၁၃)
အဲဗာတန်ကနိုင်ပွဲမရသေးဘူးဆိုပေမယ့် အသင်း လိုက်
ကစားပုံအားကောင်းတယ်။ အိမ်ကွင်းလည်းဖြစ်ပြီး နိုင်ပွဲစရဖို့ရုန်းကန်လာမယ့်
အခြေအနေလည်းရှိတယ်။ ချယ်လ်ဆီးကလည်း အီတိုကိုခေါ်ယူထားလို့ တိုက်စစ်ပိုင်း
အားကောင်းလာမယ့် အခြေအနေမှာရှိတယ်။ အကြိတ် အနယ်ရှိမယ့် ပွဲဖြစ်ပါတယ်။
ဆောက်သမ်တန် - ဝက်စ်ဟမ်း
ည-၉း၃၀ (၁၅-၉-၂၀၁၃)
ဆောက်သမ်တန်ခြေကျနေတယ်။ အထူးသဖြင့် ဂိုးရ ဖို့အတွက်
လမ်းပတ်တစ်ဦးတည်းအပေါ်မှီခိုနေရတယ်။ ဝက်စ်ဟမ်းကလည်း
အသင်းလိုက်ကစားပုံအားကောင်းတဲ့ အသင်းဖြစ်လို့ ဆောက်သမ်တန်တို့ဒီပွဲမှာ
လွယ်လွယ် အနိုင်မရနိုင်ဘူး။ အိမ်ကွင်းမှာကစားရမှာ ဖြစ်တယ်။
ဆွမ်ဆီး - လီဗာပူး
နံနက် ၁း၃၀(၁၇-၉-၂၀၁၃)
လီဗာပူးရဲ့ကစားပုံကောင်းတာမှန်တယ်။ ဒါပေမယ့်
ဆွာရတ်ဇ်ပွဲပယ်ခံထားရဆဲဖြစ်သလို လက်ရှိအားထားနေရ တဲ့ စတားရစ်ကလည်း
ဒဏ်ရာကြောင့်ပါဝင်နိုင်ဖို့ မသေချာ တော့ လီဗာပူးတို့တိုက်စစ်ပိုင်းမှာ
ရုန်းကန်ရနိုင်တယ်။ ဆွမ်ဆီးကလည်း အိမ်ကွင်းကစားပုံအားကောင်းတယ်။
Post a Comment