ပြစ်မှုအကြောင်းပြောတဲ့အခါ
ပြစ်မှုကျူးလွန်သူနဲ့ ကျူးလွန်ခံရသူဆိုပြီး ပါဝင်တာ အားလုံးအသိပါပဲ။
တည်ဆဲဥပဒေ အားလုံးမှာ အဓိကအနေနဲ့ ပြစ်မှု ကျူးလွန်သူကို
ဖော်ထုတ်အရေးယူပြစ်ဒဏ်ပေးခြင်း ဆောင်ရွက်ကြပါတယ်။ ၂၁ ရာစု
အစောပိုင်းကစပြီး လူ့အခွင့်အရေးကို အာရုံစိုက်လာခဲ့ရာမှာ ပြစ်မှု
ကျူးလွန်ခြင်းခံရသူ၊ တစ်နည်းအားဖြင့် နစ်နာသူ (Victim)အတွက် ထည့်သွင်း
စဉ်းစားလာခဲ့ကြပါတယ်။ ဒါ့ကြောင့် ၁၉၉၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း
ပြန်လည်ခေါင်း ထောင်လာတဲ့ လူကုန်ကူးမှုဆိုတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု
ကြီးကိုတိုက်ဖျက်ဖို့ ကုလသမဂ္ဂကနိုင်ငံဖြတ်ကျော် မှုခင်း
များတိုက်ဖျက်ရေး ဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး
နောက်ဆက်တွဲစာချုပ်တွေ ပြဋ္ဌာန်းခဲ့ရာမှာ လူကုန် ကူးခံရသူတွေရဲ့
အခွင့်အရေးကာကွယ်ပေးရေး အခန်းကဏ္ဍကို အလေးထားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။
လူကုန် ကူး သူကို ပြဋ္ဌာန်းဥပ ဒေအရ အရေးယူအပြစ်ပေးတဲ့လုပ်ငန်း
ဆောင်ရွက်ချိန်မှာပဲ လူကုန်ကူးခံရတဲ့သူကိုကယ်တင်ပြီး နှစ်သိမ့်ပေးတာ၊ မိဘ
ရပ်ထံ ပြန်ပို့တာ၊ မိသားစုဘ၀ပြန်လည်ထူထောင်ပေးတာ စတာတွေကိုလည်း
ဦးစားပေးဆောင် ရွက်ကြ ရပါ တယ်။
ဒီနေရာမှာ လူကုန်ကူးတဲ့သူ လူပွဲစားတွေကို
ဖော်ထုတ်ဖမ်းဆီးအရေးယူတဲ့ လုပ်ငန်းနဲ့ လူကုန်ကူးခံရသူတွေကို ကယ်တင်
တဲ့လုပ်ငန်းတွေကို တားဆီးနှိမ်နင်း ရေးတပ်ဖွဲ့တွေက ဆောင်ရွက်ကြရပြီး
ကယ်တင်ပြီးတဲ့ လူကုန်ကူးခံရသူတွေကို ကျန်းမာရေးစောင့်ရှောက်တာ၊
စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးတာ၊ ယာယီ စောင့်ရှောက်ပေးတာ
စတာတွေကိုတော့ လူမှုဝန်ထမ်းဌာန ပြည်တွင်းလူမှု အဖွဲ့အစည်းတွေ၊ ကုလ
သမဂ္ဂအေဂျင်စီတွေ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေက
ပူးပေါင်းဆောင်ရွက်ကြရပါတယ်။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိဖို့
သက်သေအထောက်အထား ပြည့်ပြည့်စုံစုံနဲ့ တရားစွဲတင်ပြီး သတ် မှတ်တဲ့ပြစ်ဒ ဏ်
ချမှတ်ရေးတို့ကို တရားစွဲအဖွဲ့အစည်းတွေက ဆောင်ရွက်တာ ဟာ အရေးကြီးသလို
လူကုန်ကူးခံရသူကို ကယ်တင်ပြီးနောက် မဖြစ်မနေ ဆောင်ရွက်ရတဲ့
လုပ်ငန်းစဉ်တွေဟာလည်း အရေးကြီးတဲ့လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။
အထက်မှာပြောခဲ့တာတွေက လူကုန်ကူးမှုတွေ
ဖော်ထုတ်ဖမ်းဆီးအရေး ယူတဲ့လုပ်ငန်းစဉ်တွေပါ။ အများပြောလေ့ရှိတဲ့
စကားအတိုင်း ပြစ်မှုတွေ အကြောင်း ပြောတဲ့အခါမှာ ရောဂါဖြစ်မှ ကုသတာထက်
ကြိုတင် ကာကွယ်တာ ကောင်းတယ် ဆိုတဲ့ အယူအဆလိုပဲ မှုခင်းတွေမှာလည်း
ရဲတပ်ဖွဲ့ဝင်တွေ ပြော လေ့ရှိတဲ့ ကြို^ကာ လုပ်ငန်းကလည်း မဖြစ်မနေဆောင်
ရွက်သင့်တဲ့ လုပ်ငန်းပါပဲ။ လူကုန်ကူးမှုဖြစ်ပွားရတဲ့အကြောင်း အရင်းတွေက
နေရာဒေသ၊ နိုင်ငံကို လိုက်ပြီး မတူတာတွေ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့အနေအထားနဲ့ ဒီနေ့ခေတ် ဖော်ထုတ်ရရှိ ခဲ့တဲ့
လူကုန်ကူးမှုကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံက အမျိုးသားတွေအတွက်
ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားတဲ့ လူကုန်ကူးမှုက ၇၀
ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ကျန်တာတွေကတော့ ထိုင်းနိုင်ငံမှာ
လိင်နဲ့ လုပ်အားခေါင်းပုံဖြတ်မှု၊ ပြည်တွင်းမှာတော့
အဓမ္မပြည့်တန်ဆာစေခိုင်းမှုတွေ ပါဝင် တယ်လို့ဆိုပါတယ်။ ဒီတော့ ဘယ်လို
ကြို^ကာ လုပ်ရမလဲဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။
လူကုန်ကူးခံရသူတွေဟာ အသိပညာဗဟုသုတနည်းတာ၊
အလုပ်အကိုင် အခွင့်အလမ်းမရှိတာ၊ ဆင်းရဲတာ စတာတေ ြအပြင်
တချို့ဖြစ်ရပ်တွေမှာတော့ တရုတ်ဇနီးအဖြစ် ပေါင်းသင်းရမှာကို
သိလျက်နဲ့လိုက်ပါခဲ့တဲ့ ဖြစ်ရပ် တွေပါလာ တယ်လို့ ဆိုပါတယ်။
တရုတ်နယ်စပ်အနီးက ပြည်နယ်အချို့မှာဆိုရင် မိဘများ ကိုယ်တိုင်က တရုတ်ပေးတဲ့
ငွေကို လက်ထပ်တဲ့အခါ တင်တောင်းတဲ့ငွေအဖြစ် လက်ခံပြီး
ကြည်ဖြူခွင့်ပြုကြတယ်လို့လည်း ဆိုပါတယ်။
ဒီတော့ ရပ်ကွက်ထဲမှာ၊ ရွာမှာရှိတဲ့သူတွေကို
လူကုန်ကူးမှုဆိုတာ ဘယ်လို ဘယ်ကဲ့သို့ တရုတ်မှာ ရောင်းစားခံရရင် ကြုံရမယ့်
ဒုက္ခသုက္ခတွေကို သိအောင် ပြောပြဖို့ လိုပါမယ်။ ဒါက အသိပညာပေးတာပါ။ ဆင်းရဲ
မှုလျှော့ချရေး၊ အလုပ် အကိုင်အခွင့်အလမ်း ရရှိရေးဆိုတာကတော့
ဒေသအာဏာပိုင်များက လက်ရှိ အစိုးရဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ
သင့်လျော်တဲ့ အတိုင်းအတာတစ်ခု အထိ ပါဝင်ဆောင် ရွက်ကြရမှာပါ။ နေ့ချင်းညချင်း
ကြီးပွားချမ်းသာတဲ့ အလုပ် အကိုင် မျိုးတော့ရဖို့မလွယ်ပေမယ့်
ထမင်းနပ်မှန်ဖို့တော့ သင့်တင့်လျောက်ပတ်တဲ့ လုပ်ငန်းကိုင်ငန်းတွေကို
ရှာဖွေဖန်တီးပေး နိုင်မယ်ဆိုလဲ မဆိုးလှပါဘူး။ ဒါတွေက ဆိုင်ရာအာဏာပိုင်တွေ၊
ကိုယ့်ဒေသမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စေတနာပါပါ
ပူးပေါင်းဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေပါ။
နောက်တစ်ခုကတော့ ဒီကနေ့ လူတွေက စည်းကမ်းဥပဒေတွေကို
မသိ ကြတာ၊ ဂရုမစိုက်ကြတာတွေကြောင့် ဒုက္ခ ရောက်ကြရတာတွေ ရှိနေတာကို
သိအောင်လုပ်ဖို့ လိုပါလိမ့်မယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံထဲကို နယ်စပ်ဖြတ်
သန်းခွင့်လက်မှတ်နဲ့ဝင်ပြီးတော့ သုံးရက်လောက် ရထားစီးရတဲ့နေရာကိုသွား
တရုတ်အမျိုးသားနဲ့ မင်္ဂလာဆောင် အခမ်းအနားလုပ်ပြီး လက်ထပ် ကလေးမွေး။
အဲဒီလိုနေတာကို တရားဝင်တယ်လို့ မြင်နေ ကြတယ်။ သူ့နိုင်ငံဥပဒေအရ
အဲဒါတွေအားလုံး တစ်ခုမှ တရားမဝင်ပါဘူး။ တရုတ်အာဏာပိုင်တွေက
တွေ့ရင်^သိရင် ဖမ်းမယ်၊ ပြစ်ဒဏ်ချမယ်။ ပြီးရင် နယ်စပ်ကနေ ပြည်နှင်ပါမယ်။
နောက်ပြီး နယ်စပ်ပြည် နယ်အချို့က မိဘ တွေက လည်း သူတို့သမီး တရုတ်နဲ့
အိမ်ထောင်ကျ၊ ဖုန်းတွေဘာတွေဆက်၊ နှစ်သစ်ကူး လာပြီးကန်တော့၊ ငွေတွေပေး၊
အဲဒါတွေကို သာယာပြီး တရားဝင် တယ်လို့ ထင်နေကြတယ်။ ဒါလည်း အထက်က
ပြောခဲ့သလိုပါပဲ။ တရားမဝင်ပါ။ အချိန်မရွေး အဖမ်းခံရပြီး ပြန်ပို့ခံရမှာပဲ။
ဒါကို သိအောင် လုပ်ကြရပါမယ်။
ထိုင်းဘက်မှာလည်း ဒီအတိုင်းပါပဲ။
ခုနစ်ရက်သက်တမ်းရှိတဲ့ နယ်စပ်ဖြတ် သန်းခွင့် လက်မှတ်နဲ့
သတ်မှတ်ဧရိယာကျော်ပြီး သွားအလုပ်လုပ်၊ ထိုင်းအလုပ် ရှင်က တရားမဝင်ခိုင်း၊
ရဲ^လဝကကို ဆက်ကြေးပေး စတဲ့ တရားမဝင်နေထိုင်မှု တွေက အမှားကြား
အမှန်ဖြစ်နေတာပါ။ ဟိုတုန်းက တရားဝင်အခွင့်အလမ်း မရှိသေးလို့
မှားခဲ့ကြပေမယ့် အခုအချိန်မှာတော့ တရားဝင်လမ်းကြောင်းတွေ ရှိနေပြီဆိုတာ
သိကြဖို့ လိုပါပြီ။
ဒါ့ကြောင့် ကျွန်တော်တို့လူတွေ မသိလို့မှားတဲ့
အမှားမျိုး မမှားကြရအောင် အသိပညာဗဟုသုတရကြဖို့ အသိပညာပေး လုပ်ငန်းကို
အစိုးရ၊ အရပ်ဘက်၊ နိုင်ငံတကာအဖွဲ့အစည်း၊ ကုလသမဂ္ဂအဖွဲ့အစည်း စတာတွေက
နေရာစုံ ထောင့်စုံကနေ ပူးပေါင်းဆောင်ရွက်ကြရမှာပါ။ ရဲတပ်ဖွဲ့က
ပြစ်မှုဖော်ထုတ် အရေးယူတာကို ဆောင်ရွက်နေချိန်မှာပဲ အခြားဌာနဆိုင်ရာ တွေ၊
အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဒေသတွင်းမှာရှိတဲ့ ကုလသမဂ္ဂနဲ့
အခြားအဖွဲ့အစည်းတွေ ကလည်း ကျရာ လုပ်ငန်းတာဝန်တွေကို
ပူးပေါင်းဆောင်ရွက်နေကြဖို့လိုမှာ ဖြစ်ပါတယ်။ တစ်မျိုးသားလုံး
ပါဝင်ဆောင်ရွက်မှသာ လူကုန် ကူးမှုကို ထိထိ ရောက်ရောက်တိုက်ဖျက်နိုင်မှာ
ဖြစ်ပါတယ်။ ။
ညွန့်လှိုင်
Post a Comment