မြန်မာအွန်းလိုင်းသတင်း 9.9.2013

မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့သည် ဖားကန့်မြို့နယ်
ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ရပ်ကွက်(B) လိုင်းနေ ဆွပ်လီ (ခ)
ကျော်ဝင်း၏နေအိမ်သို့ စက်တင်ဘာ ၃ ရက် နံနက် ၇ နာရီခွဲက
ဝင်ရောက်စစ်ဆေးရှာဖွေရာ ၎င်းနေအိမ်ဝင်းအတွင်း ရပ်တန့်ထားသော
ပါဂျဲရိုး(အဖြူရောင်) လိုင်စင်မဲ့ မော်တော်ယာဉ်၏အတွင်းမှ
ဘိန်းဖြူမှုန့်များဟုယူဆရသော အဖြူမှုန့် အလေးချိန် ၄၇၉
ဂရမ်ခန့်ကိုလည်းကောင်း၊ LUSA စာတန်းပါ ရှားရောင်ခရီးဆောင်အိတ်အတွင်းမှ
ဘိန်းဖြူမှုန့် အလေးချိန် ၈၄၃ ဂရမ်ခန့်ကိုလည်းကောင်း၊
မော်တော်ယာဉ်၏အနောက်ဘက် ကြမ်းခင်းအံဝှက်အတွင်းမှ အလေးချိန် ၃ ဒသမ ၁၈၆
ကီလိုဂရမ်ခန့် ကာလတန်ဖိုးငွေကျပ် ၃ဝ၂၆ သိန်း ခုနစ်သောင်းကို လည်းကောင်း၊
မော်တော်ယာဉ်၏ ရှေ့ခန်းထိုင်ခုံ ခြေချသည့်နေရာမှ အမည်းရောင်
ခြေနင်းပြားဖုံးအုပ်ထားသည့်အောက်မှ 88 နှင့် 1 စာတန်းပါ
ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၂၄ဝဝဝ အလေးချိန် ၂ ဒသမ ၄
ကီလိုဂရမ်ခန့် ကာလတန်ဖိုးငွေကျပ် ၁၄၄ဝ သိန်းကိုလည်းကောင်း၊ ဆွပ်လီ
(ခ)ကျော်ဝင်း ကိုင်ဆောင်အသုံးပြုသည့် HUAWEI
အမျိုးအစားဖုန်းတစ်လုံးကိုလည်းကောင်း၊ မူးယစ်ဆေးဝါးရောင်းချရငွေဟုယူဆရသည့်
မြန်မာငွေစက္ကူရောရာ ၁၈၂၅ဝဝ ကို ၎င်းနေအိမ်၏
ဧည့်ခန်းစားပွဲပေါ်မှလည်းကောင်း၊ မူးယစ်ဆေးဝါးများ
လျှို့ဝှက်ဖြန့်ဖြူးရောင်းချသယ်ဆောင်ရာတွင် အသုံးပြုသည့် ပါဂျဲရိုး
(အဖြူရောင်) လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးကိုလည်းကောင်း
သက်သေများနှင့်အတူ ရှာဖွေတွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့်
ချိန်တွယ်ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးနှင့်
စိတ်ကြွရူးသွပ်ဆေးပြားများကို မိုးညှင်းမြို့နေ ဒေါ်ရန်ရွယ်ဆိုင်းမှ
လွန်ခဲ့သော ၁ဝ ရက်ခန့်က နေအိမ်ခြံဝင်းအတွင်းသို့
လာရောက်ထားရှိခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
သို့ဖြစ်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ
ဆွပ်လီ(ခ)ကျော်ဝင်း (၅၂နှစ်) မူးယစ်ဆေးဝါး ဘိန်းဖြူနှင့်
စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် ဒေါ်ရန်ရွယ်ဆိုင်း(၄၈နှစ်)
မိုးညှင်းမြို့နေသူတို့ကို ဖားကန့်မြို့မရဲစခန်းက
အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
Post a Comment