မြန်မာအွန်းလိုင်းသတင်း  9.9.2013
----------------------------------------------------------------------------------------
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးပုံမှန်လမ်း မိုင်တိုင်အမှတ် (၁၇၈/၅) ကန်ရိုးကျေးရွာအနီး တွင် စက်တင်ဘာ ၈ ရက် နံနက် ၂ နာရီခန့်က ကုန်တင်ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ တောင်ဘက်မှမြောက်ဘက်သို့ ဆန်အိတ်များ တင်ဆောင်လာသော ယာဉ်မောင်း မင်းဇော်ဦး(၄၁)နှစ် မိတီ္ထလာမြို့ မိတ္တဗလရပ်ကွက်နေသူ မောင်းနှင်လာသော မစ်ဆူဘစ်ရှီ(ကင်တာ)အမျိုးအစား အဖြူရောင်ယာဉ်နှင့် မလှိုင်မြို့မှ ကြက်သွန် အိတ်များ တင်ဆောင်လာ၍ ယာဉ်မောင်းဝဏ္ဏထွန်းမောင်းနှင်လာသော နီဆန်း (ဖူဆို) အမျိုးအစား ၁၀ ဘီးယာဉ်သည် အရှိန်ပြင်း စွာ ဝင်တိုက်မိပြီး အဖြူရောင်ကင်တာ အမျိုးအစားယာဉ်မှာ လမ်းဘေးရှိ သစ်ပင်ဖြင့် ထပ်မံတိုက်မိခဲ့သောကြောင့် ယာဉ်ကိုယ် ထည် တစ်ခုလုံးမှာ ပျက်စီးသွားခဲ့ ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် အဖြူရောင် ကင်တာယာဉ်မှ ယာဉ်နောက် လိုက် အငယ်လေး(ခ)အေးမင်းစိုး မိထီ္ထလာ မြို့နေသူမှာ ဦးခေါင်းပေါက်ပြဲ၊ ခြေထောက်ကျိုး၊ နှာခေါင်းသွေးထွက် ဒဏ်ရာ များဖြင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သဖြင့် တောင်ငူခရိုင်ဆေးရုံကြီးသို့ အတွင်းလူနာ အဖြစ် ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုကို တောင်ငူ မြို့အမှတ်(၁) ရဲစခန်းက (ပ)၃၉/၁၃၊ ပုဒ်မ ၃၃၈/၃၀၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
 ကျော်စွာ(တောင်ငူ)

Post a Comment

 
Top