အာဆင်နယ်အသင်းသို့ မီဆွတ်အိုဇေးလ် ရောက်ရှိလာခြင်းအတွက် မိမိအနေဖြင့် ကျေနပ်နှစ်သက်မိ ကြောင်းနှင့် ၎င်းသည် ပရီးမီးယားလိဂ်တွင် အောင်မြင်မှု ရရှိလာလိမ့်မည်ဟု ယုံကြည်ကြောင်း ဂျာမနီအသင်းဖော် မာတီဆက်ကာက ပြောကြားလိုက်သည်။
ဂျာမနီလက်ရွေးစင် ကစားသမား အိုဇေးလ်သည် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်က ရီးယဲမက်ဒရစ်မှ အာဆင်နယ်သို့ ကလပ်အသင်းစံချိန် ပေါင် ၄၂ သန်း ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ဂျာမန်ကလပ် ဝါဒါဘရီမင်နှင့် ဂျာမနီအသင်းတို့တွင် အိုဇေးလ်နှင့် အတူတကွ ကစားခဲ့ဖူးသည့် မာတီဆက်ကာက ၎င်းသည် အင်္ဂလန်တွင် အလျင်အမြန် အထိုင်ကျလာပြီး ယခုနှစ်ဘောလုံးရာသီတွင် အသင်းနှင့်အတူ အောင်မြင်မှုများ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။



“အိုဇေးလ်ကို အာဆင်နယ်အသင်းမှာ ပြန်လည်တွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ သူဟာ အာစင်ဝင်းဂါးရဲ့ လက်အောက်မှာ အကောင်းဆုံးဖြစ်လာပါလိမ့်မယ်” ဟု ဂျာမနီက သြစတြီးယားကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အပြီးတွင် မာတီဆက်ကာက ပြောကြားခဲ့သည်။

အိုဇေးလ်သည် ပရီးမီးယားလိဂ် ပွဲဦးထွက် ပွဲစဉ်အဖြစ် သြဂုတ်လ ၁၅ ရက်တွင် ဆန်းဒါးလန်း အိမ်ကွင်း၌ အာဆင်နယ်အသင်းနှင့် ပွဲထွက်ကစားရဖွယ်ရှိသည်။

Post a Comment

 
Top