အတိုက်အခံ ​ဘက်ကလဲ ​သူတို့ ​ဘက်က ​နေ ​ချ ​မှတ်လာ ​တဲ့ ​မူဝါဒတွေ ​အပေါ် ​ဘယ်လို ​ဘားဂျက်သုံးစွဲမှု ​ချမှတ်သွားမလဲ ​ဆို ​တာ ​ကို ​ထုတ်ပြန် ​ဖို့ ​ငြင်းဆန် ​နေ ​ပြီး၊ ​အခု ​လို ​၂ ​ရက် ​အလို ​မှာ ​ကပ်ပြီး ​ထုတ်ပြန်မှာ ​ဖြစ်တယ်လို့ ​သိ ​ရ ​ပါတယ်။
မဲဆွယ်စည်းရုံးရေးကာလအတွင်း ​ထိပ်ပြေး ​နေ ​တဲ့ ​နိုင်ငံရေး ​အဖွဲ့ ​၂ ​ဖွဲ့ ​တဖွဲ့နဲ့တဖွဲ့ ​မူဝါဒ ​နဲ့ ​စရိတ် ​သုံး ​ငွေ ​မမျှတ ​ဘူး ​မကာမိ ​ဘူး ​ဆို ​ပြီး ​အပြန်အလှန် ​စွပ်စွဲ ​နေကြပါတယ်။
ဝန်ကြီး ​ချုပ်  ​Kevin ​Rudd ​ဦးဆောင် ​နေ ​တဲ့ ​ပါတီ ​ဟာ ​အကြီး ​အကျယ် ​ရှုံးနိမ့် ​နိုင်တယ်ဆိုတဲ့ ​ကြို ​တင် ​ကောက်တန်း ​ထွက်ပေါ်နေ ​ချိန်မှာ ​ဝန်ကြီး ​ချုပ်က ​အတိုက်အခံ ​Tony ​Abbott ​ဦးဆောင်တဲ့ ​အစိုးရလက်ထဲမှာ ​နိုင်ငံရဲ့ ​စီးပွါးရေး ​ဆုတ်ယုတ်မှုတွေ ​ကြုံတွေ့မှာ ​ဖြစ်တယ်လို့ ​ပြောဆို ​ခဲ့ပါတယ်။
လောလောဆယ်ထုတ်ပြန် ​ထားတဲ့ ​စီးပွါး ​ရေး ​ကိန်း ​ဂဏန်းတွေအရ ​သြစတြေးလျ ​နိုင်ငံရဲ့စီးပွါး ​ရေး ​အခြေအနေသိပ်မကောင်းတဲ့ ​အခြေအနေပြနေပါတယ်။
ဘယ်ဘက်ကို ​မဲ ​ပေး ​မလဲ ​လို့ ​ဆုံးဖြတ်ချက် ​မချသေးတဲ့ ​သြစတြေးလျ ​ပြည်သူတွေ ​အဖို့၊ ​ဒီနေ့ ​အတိုက်အခံညွန့်ပေါင်း ​ပါတီက ​ထုတ်ပြန်တဲ့ ​အသုံးစရိတ်တွေ၊ ​အခုအချိန်အထိ ​မဖေါ်ပြ ​နိုင်လောက်အောင် ​လျှို့ဝှက်ထားတဲ့ ​သူတို့ ​ရဲ့ ​ဘားဂျက်ထုတ်ဖေါ်ပြီးနောက်၊ ​လက် ​ရှိ ​အစိုး ​ရ ​ပါတီကို ​မဲ ​ပေး ​ဖို့ ​ပို ​ပြီး ​များ ​ကောင်းများလာ ​နိုင်တယ်လို့လည်း ​ခန့်မှန်းနေ ​ကြပါတယ်။

Post a Comment

 
Top