တရုတ်နိုင်ငံ မြစ်ချောင်းတခုထဲမှာ ကီလိုဂရမ် တစ်သောင်းလောက်
အလေးချိန်ရှိတဲ့ အဆိပ်သင့် ငါးတွေကို မြစ်ထဲကနေ ဆယ်ထုတ်
ရှင်းလင်းခဲ့ပြီး ပြီလို့ ဒေသခံ အာဏာပိုင် တွေက ပြောပါတယ်။
အခုတပတ်
အစောပိုင်းမှာ တရုတ်နိုင်ငံ ဟူဘေး ပြည်နယ်က အမိုးနီးယား ဓာတ်ငွေ့
ထုတ်လုပ်တဲ့ နေရာနဲ့နီးတဲ့ မြစ်ချောင်း တခုထဲမှာ အမိုးနီးယား
ဓာတ်ငွေ့တွေ ယိုစိမ့် ၀င်ခဲ့ တာကြောင့် မြစ်ထဲမှာ ရှိတဲ့ ငါးတွေ
သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ် အစောပိုင်းကလည်း တရုတ်နိုင်ငံ
ရှန်ဟိုင်းမြို့မှာရှိတဲ့ မြစ်ထဲမှာ ၀က်သေကောင်ပေါင်း
တစ်သောင်းခြောက်ထောင်ကျော်ကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက
ဆယ်ထုတ် ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။
Post a Comment