Thursday, September 12, 2013

ရီးယဲလ်တွင် ပထမဆုံးအကြိမ်အဖြစ် ဘေးလ်လေ့ကျင့်ခန်းဆင်း


ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၆)သန်းဖြင့် တော့တင်ဟမ် ဟော့စပါးမှ ပြောင်းရွှေ့လာသည့် ဝေလ လက်ရွေးစင်သည် ဗုဒ္ဓဟူးနေ့က အသင်းဖော်သစ်များနှင့် ပထမဆုံးအကြိမ် ပူးပေါင်းခဲ့သည်။ အသက်(၂၄)နှစ်ရှိ ကစားသမားသည် ဈေးကွက်ပိတ်ရက်တွင် အသင်းပြောင်းခဲ့သော်လည်း ရီးယဲလ်နှင့် မချိတ်ဆက်သေးဘဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင် ဝေလအသင်းနှင့် သွားရောက် ပူးပေါင်းခဲ့သည်။ ယခုအခါတွင်မူ ဘေးလ်သည် ခရစ္စတီယာနို ရော်နယ်လ်ဒို အပါအဝင် ရီးယဲလ်ကြယ်ပွင့်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်
 
မြန်မာအွန်လိုင်းသတင်း  12.9.2013
------------------------------------------------------------------------------
ဘေးလ်သည် စနေနေ့တွင် ဗီလာရီးယဲလ် အသင်းနှင့် ယှဉ်ပြိုင်မည့် လာလီဂါ ပွဲစဉ်၌ ရီးယဲလ်အတွက် အချိန်ပိုင်းမျှ ပါဝင်ကစားဖွယ် ရှိနေသည်။ ရီးယဲလ်အသင်း တရားဝင် ဝက်ဘ်ဆိုက်က "ဘေးလ်ဟာ အသင်းနဲ့အတူ ကာယလေ့ကျင့်ခန်းတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တခြားအသင်းသားတွေနဲ့ ချိတ်ဆက် လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်"ဟု ဖော်ပြသွားသည်။ လက်ရှိ ရီးယဲလ်အသင်း၏ ဘယ်ခြမ်း ကစားသမားများဖြစ်သည့် မာဆယ်လိုနှင့် ဖေဘီယို ကွန်ထရာအိုတို့ ဒဏ်ရာများ ရရှိနေခြင်းက ဘေးလ်အတွက် စောလျင်စွာ ပွဲထွက်ရန် အခွင့်အရေးမျိုး ရလာဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

No comments:

Post a Comment