Thursday, September 12, 2013

စတုတ္ထမြောက် ဒိုင်နိုဆောရုပ်ရှင် Jurassic World ၂ဝ၁၅ တွင် ရုံဝင်မည်

 မြန်မာအွန်လိုင်းသတင်း  12.9.2013
--------------------------------------------------------------------------
ဟောလီဝုဒ်ဒါရိုက်တာကြီး စတီဗင်စပီးဘတ်၏ နာမည်ကြီးလက်ရာများဖြစ်သည့် Jurassic Park ဇာတ်ကားများ၏    နောက်ဆုံးဇာတ်ကားကြီးသည် ၂ဝ၁၅  ခုနှစ် ဇွန် ၁၂  ရက်တွင်  ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ပြီး Jurassic  World ဟူ၍   ဇာတ်ကားအမည်ပေးထားကြောင်း ယူနီဗာဆယ်  ကုမ္ပဏီက ကြေညာလိုက်သည်။
3D ဖြင့် ပြသမည်ဖြစ်သည့် ယခုရုပ်ရှင်ကားကို ဒါရိုက်တာ ကောလင်းထရီဗောရိုအားရိုက်ကူးခိုင်းပြီး ရင်ဖိုစရာအက်ရှင်စွန့်စားခန်းများ   ထည့်သွင်းခြည်မှုန်းရေးအတွက်    ဒါရတ်ကွန်နောလေးနှင့်   ကောလင်းတို့  ဇာတ်ညွန်းပူးတွဲရေးသားခဲ့ခြင်းဖြစ်သည်။
စတီဗင်စပီးဘတ်၏  ရှေ့ကထွက်ရှိပြီး   ဒိုင်နိုဆောရုပ်ရှင်ကားသုံးကားပေါင်းဝင်ငွေသည်  ၁ ဒသမ ၉ ဘီလီယံသဲ့ ယူထားနိုင်ခဲ့သည်။   ဦးဆုံးဇာတ်ကား ၁၉၉၃ ခုနှစ် လက်ရာ Jurassic Park ကို 3D ဖြင့် ယခုနှစ်အတွင်းကပြန်လည်ပြသရာ အတိတ်ဆယ်စုနှစ်များကြာ ဒိုင်နိုဆောအရူးအမူး    စွဲလမ်းသူပရိသတ်များကို  ထပ်ဖမ်းစားလိုက်နိုင်ပြီး  ကမ္ဘာအနှံ့ဝင်ငွေ  အမေရိကန်ဒေါ်လာ၁၁၄သန်း  ရရှိသွားသည်။
Jurassic  Park ဇာတ်ကား၏ စတုတ္ထမြောက် Jurassic World ဇာတ်ကားသတင်းနှင့် တစ်နေ့တည်းမှာပင်  ဒစ္စနေးကုမ္ပဏီကြီးကလည်း မင်းသားဂျွန်နီဒက်၏   နာမည်ကြီး    ပင်လယ်ဓားပြရုပ်ရှင် Pirates of the Caribbean 5 ဇာတ်ကားကြီး လာတော့မည်ဖြစ်ကြောင်း အပြိုင်ကြေညာခဲ့သည်။ Pirates of the Caribbean 5 ရုပ်ရှင်ကို ၂ဝ၁၅ ပြက္ခဒိန်နှစ် နွေရာသီတွင် စတင်လိမ့်မည်ဖြစ်ပြီး ၂ဝ၁၆ ၌  ရုပ်ရှင်ရုံများတွင်  ပြသမည်ဖြစ်ကြောင်း ဒစ္စနေးကုမ္ပဏီကြီးက ကြေညာလိုက်ခြင်းဖြစ်သည်။

No comments:

Post a Comment