မလေးရှားနိုင်ငံမှာ ​စက်တင်ဘာ ​၁ ​ရက်နေ့ကစပြီး ​တရားမ၀င်နေထိုင် ​အလုပ်လုပ်ကိုင်နေသူများကို ​စီမံချက်နဲ့လူပေါင်း ​၈၁၀၀ ​ကို ​ဖမ်းစီးခဲ့ပြီး ​အဲဒီထဲက ​တရားဝင် ​အလုပ်လုပ်ခွင့် ​အထောက်အထား ​မ ​ရှိသူ ​အယောက် ​၂၄၀၀ ​ကို ​သက်ဆိုင်ရာ ​ဌါနေ ​နိုင်ငံတွေ ​ကို ​ပြန် ​ပို့ဖို့ ​စီစဉ်သွားမယ်လို့ ​သိရပါတယ်။
အဲဒီ ​ထိန်းသိမ်းထားတဲ့အထဲက ​ မြန်မာနိုင်ငံ ​၅၅၅ ​အင်ဒိုနီးရှားနိုင်ငံသား ​၇၁၇ ​ယောက်ဘင်္ဂလားဒေ့ရှ်နိုင်င ​၃၈၇ ​ယောက်၊ ​နီပေါနိုင်ငံ ​က ​၂၂၉ ​ယောက် ​နဲ့ ​ကျန် ​တဲ့ ​လူတွေက ​ထိုင်း၊ ​ကမ္ဘောဒီးယား၊ ​ဗီယက်နမ်၊ ​အိန္ဒိယ၊ ​ပါကစ္စတန်၊ ​ဖိလစ်ပိုင်၊ ​တရုတ်၊ ​နိုင်ဂျီးရီးယားနိုင်ငံ ​ကဖြစ် ​ကြတယ်လို့ ​ပါရှိ ​ပါတယ်။
မြန်မာနိုင်ငံက ​အဖမ်းခံရတဲ့အထဲက ​အများစုဟာ ​ချင်း ​တိုင်းရင်းသားတွေ ​ဖြစ်ကြတယ်လို့ ​လဲ ​သိ ​ရ ​ပါတယ်။ ​အခုလို ​တရားမဝင် ​အလုပ်လုပ်ကိုင်နေသူတွေ ​မလေးရှားမှာ ​၇ ​သိန်းလောက် ​ရောက် ​ရှိ ​နေ ​တဲ့ ​အတွက်၊ ​၃လ ​ကြာ ​စီမံကိန်း ​နဲ့ ​အယောက် ​၅သိန်းကို ​ဖမ်းစီး ​ပြန်ပို့မှာဖြစ်တယ်လို့ ​သိ ​ရ ​ပါတယ်။

Post a Comment

 
Top