
အတည်တကျအိမ်ယာ ဆောက်လုပ်ပေးမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ စစ်တွေ၊
ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ တောင်ကုတ်မြို့တွေမှာ
ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပြီး နိုင်ငံသားဥပဒေအတိုင်း
နိုင်ငံသားစီစစ်ပေးဖို့၊ ဒေသခံတွေရဲ့ဆန္ဒမပါပဲ
မဆုံးဖြတ်ဖို့တောင်းဆိုခဲ့ကြတဲ့ ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်တွေထဲက
၎ဦးကို အာဏာပိုင်တွေက အရေးယူခဲ့တာဖြစ်ပါတယ်။
ခွင့်ပြုချက်မရပဲဆန္ဒပြခဲ့တဲ့အတွက်
ဆန္ဒပြခေါင်းဆောင် ၁၁ဦးကို စီတန်း လှည့်လှည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ
၁၈ အရ တရားစွဲဆိုထားတာဖြစ်ပြီး မနေ့က ကျောက်တော်မြို့ တရားရုံးက
တရားစွဲခံထားရတဲ့ ဆန္ဒပြခေါင်းဆောင် ၁၁ထဲက ၄ဦးဖြစ်တဲ့ ဦးသိန်းလှိုင်၊
ဦးမောင်ဝင်း၊ ဒေါ်လှလှမေ၊ ဒေါ်တင်တင်အေးတို့ ထောင်ဒဏ်အမိန့်
ချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ
ကျောက်တော်မြို့ကဖြစ်ပြီး သူတို့ကို ကျောက်တော်ရဲစခန်းကနေ
စစ်တွေအကျဉ်းထောင်ကို ပို့လိုက်ပြီလို့လည်း သိရပါတယ်။
ကျန်ရှိနေသေးတဲ့တရားစွဲခံထားရတဲ့သူတွေကတော့
စစ်တွေမြို့က ဦးကျော်ဇောဦး၊ ဒေါ်ညိုအေး၊ တောင်ကုတ်မြို့က
ဦးမင်းထွန်း၊ ဦးစိုး ၀င်း၊ ဦးသန်းလွင်စိုး၊ ရသေ့တောင်က
ဦးသန်းဌေး၊ ကိုတိုးတိုးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းစွာ
စီတန်းလှည့်လှည် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ၁၈နဲ့ လွတ်လပ်စွာ
ဆန္ဒဖော်ထုတ်သူတွေကို ဖမ်းဆီး အရေးယူ ထောင်ချတာတွေရှိနေတဲ့အတွက်
ဒီဥပဒေပုဒ်မ ၁၈ကို ပယ်ဖျက်ပေးဖို့ သြဂုတ်လ ၂၇ရက်နေ့က ရန်ကုန်မြို့မှာ
ဆန္ဒပြတောင်းဆိုမှု တွေပြုလုပ်ခဲ့ပြီး အဲဒီထဲက ဆန္ဒပြခေါင်းဆောင်တွေကို
ပုဒ်မ ၁၈နဲ့ပဲ ပြန်လည် တရားစွဲထားတယ် ဆိုတဲ့အကြောင်း
ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။
Post a Comment