Friday, September 13, 2013

အီတလီနှင့် နယ်သာလန် ခြေစစ်ပွဲအောင်


အီတလီနှင့်   နယ်သာလန်တို့သည် ဘရာဇီးနိုင်ငံ၌ ကျင်းပသော ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲအတွက် ဥရောပမှ ခြေစစ်ပွဲအောင်သည့် ပထမဆုံးနိုင်ငံများဖြစ်သည်။ နယ်သာလန်က အင်ဒိုရာကို နှစ်ဂိုးပြတ်ဖြင့် နိုင်ရာ တွင် ဗန်ပါစီက နယ်သာလန်အတွက် နှစ်ဂိုးသွင်းယူခဲ့သည်။
အီတလီကချက်ကို  နှစ်ဂိုး-တစ်ဂိုးဖြင့်နိုင်ပြီး ခြေစစ်ပွဲအောင်ခဲ့သည်။ ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် ဆွစ်ဇာလန် တို့သည် ခြေစစ်ပွဲအောင်ရန် နှစ်မှတ်စီ လိုနေသည်။

No comments:

Post a Comment