
မြန်မာအွန်လိုင်းသတင်း 12.9.2013
-------------------------------------------------------------------------------
၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်ကာလများက
မြန်မာ့ရုပ်ရှင်လောက၏ ထင်ရှားသောသရုပ်ဆောင်များအနက်
ထင်ရှားခဲ့သူတစ်ဦးမှာ အကယ်ဒမီရုပ်ရှင်မင်းသမီး သီသီဖြစ်ပါသည်။
မင်းသမီးကြီး ဒေါ်သီသီကို ၁၉၃၄ ခုနှစ်တွင် သဲကုန်းမြို့၌ မွေးဖွားခဲ့သည်။
အစိုးရဝန်ထမ်းဖြစ်သူ ဖခင် ရန်ကုန်သို့ပြောင်းရွှေ့ရာမှ
ရန်ကုန်သို့ရောက်ရှိခဲ့သည်။ ငယ်စဉ်ကပင် အနုပညာဝါသနာထုံခဲ့သူ မင်းသမီး
သီသီအဖို့ ဗိုလ်ချုပ်ဈေးတွင် ဆိုင်ဖွင့်၍
စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခဲ့ ရာမှ ဈေးလာဝယ်သည့် ရုပ်ရှင်မင်းသား
ခင်မောင်နှင့် ခင်မင်မိပြီး ဒေါ်သီသီအတွက် ရုပ်ရှင်လောကသို့ ရောက်ရှိရန်
အကြောင်းဖန်လာခဲ့သည်။
ရုပ်ရှင်မင်းသမီး သီသီသည် ၁၉၅၂ ခုနှစ်တွင်
ဒါရိုက်တာ ဝင်းဖေ၊ ဝတ္ထု ဇာတ်ညွှန်း သမာဓိရှင်လုံး၏ ]စွန့်ဝံ့သူ} ရုပ်ရှင်
ဇာတ်ကားတွင် မင်းသား ခင်မောင်နှင့်အတူ မင်းသမီးအဖြစ်
ပထမဆုံးပါဝင်သရုပ်ဆောင်ခွင့် ရရှိ ခဲ့သည်။ ထိုဇာတ်ကား တွင်
ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခွင့် ရရှိခဲ့သူ သီသီ မှာ ထိုအချိန်က
အသက်(၁၈)နှစ်အရွယ်သာ ရှိသေးသော် လည်း ယင်းဇာတ်ကားတွင်
စိတ္တဇဝေဒနာရှင်တစ်ဦးအဖြစ် ခက်ခက်ခဲခဲပီပြင်စွာသရုပ်ဆောင်ခဲ့ရသည်။
ထို့နောက် တက္ကသိုလ်ဝင်းဖေ၏ ]နှင်းဝေဝေ}အသံတိတ်
ဇာတ်ကားနှင့် ]ချစ်သွေးသောက်}ဇာတ်ကားတို့တွင်
ဆက်လက်ပါဝင်ခွင့်ရရှိလာခဲ့သည်။ ထို့နောက် ၁၉၅၆ ခုနှစ် တွင် မင်းသမီး
သီသီအတွက် ပထမဆုံးသော အသံထွက် ဇာတ်ကားဖြစ်သည့်
ဝတစ်လုံးရုပ်ရှင်ကုမ္ပဏီမှ ဒါရိုက်တာ ဦးဘသင်း၏
]မေချစ်တဲ့မောင်}ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။ ယင်းနောက်
]မိချစ်ဘချစ်} ဇာတ်ကား တို့တွင်လည်း ဆက်တိုက်ဆိုသလို သရုပ်ဆောင်ခဲ့သည်။
ထို့ပြင် မင်းသမီးကြီး သီသီသည် ရွှေမန်းရုပ်ရှင်၏
ပွဲဦးထွက်ဇာတ်ကားအဖြစ် ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးခဲ့သည့်
]အတွေ့}ဇာတ်ကားတွင် မင်းသားမောင်သင်၊ ဦးကျောက်လုံး တို့နှင့်
တွဲဖက်ရိုက်ကူးခဲ့ပြီး ယင်းဇာတ်ကား ဖြင့် ၁၉၆၂ ခုနှစ် အတွက်
အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို မင်းသမီး သီသီကလည်းကောင်း၊
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို သရုပ်ဆောင်
ဦးကျောက်လုံးကလည်းကောင်း ဇာတ်ကားတစ်ကားတည်း ဖြင့် အကယ်ဒမီနှစ်ဆု ရရှိ
ဆွတ်ခူးနိုင်ခဲ့သည်။
အကယ်ဒမီဆုရ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်လာခဲ့ သည့်
သီသီသည် ၁၉၆၃ ခုနှစ်တွင် ဆရာ ဗိုလ်ဗကို ဒါရိုက်တာအဖြစ်ဖန်တီးခဲ့သည့်
နယ်ချဲ့တရုတ်ဖြူချေမှုန်း သည့် မော်ကွန်းတင်စစ်ကားဖြစ်သော သူရချစ်ညို
မြင်ကွင်း ကျယ် စီနီမာ စကုတ်ဇာတ်ကားတွင် လည်းကောင်း၊ ၁၉၆၅ ခုတွင်
ဗိုလ်ဗကိုကိုယ်တိုင် သရုပ်ဆောင်ဒါရိုက်တာအဖြစ် ပါဝင်ထားပြီး ဇော်လွင်၊
နော်စိန်စိန် ဦး၊ ဘကွန်း၊ ဂျော်လီဆွေ၊ ချိုချိုမြင့်၊
ဘေဘီနွဲ့တို့နှင့်တွဲဖက်ပါဝင်ထားသည့် ငါးပွင့်
တစ်ခိုင်ဇာတ်ကားတို့တွင်လည်းကောင်း ပါဝင်ရိုက်ကူးပြီး
ယင်းဇာတ်ကားများကို ရွှေဂုန်၊ တပင်ရွှေထီး၊ သီတာ၊
မရိုးဆန်းရုံတို့တွင် ပြသခဲ့သည်။ ထို့ပြင် ရွှေတောင်မော်
တိုက်ပွဲဇာတ်ကားတွင် မင်းသမီး သီသီက ဇော်လွင်၊ ဘကွန်း၊ သာဆန်းတို့နှင့်
တွဲဖက်သရုပ်ဆောင်ထားပြီး ယင်းဇာတ်ကား ကို လိုက်ဟောက်(စ်)၊ ရွှေမန်း၊
သီတာရုံတို့တွင် တင်ဆက် ပြသခဲ့ရာ ပရိသတ်များ အထူးအားပေးခဲ့ကြသည်။
ထို့အပြင် မင်းသမီးကြီးသီသီသည် ထိုအချိန်က ထိပ်တန်း
မင်းသား၊ မင်းသမီးများဖြစ်ကြသည့် ထွန်းဝေ၊ မောင်သင်၊
မြင့်မြင့်ခင်တို့နှင့် တွဲဖက်ကာ ဒါရိုက်တာ ရွှေဘော်ရိုက်ကူး သည့်
မေတ္တာရေလှိုင်းဇာတ်ကားတွင် ပါဝင်ခဲ့ပြန်သည်။
မြန်မာ့ရုပ်ရှင်လောက၏ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်
သည့် အကယ်ဒမီမင်းသမီး သီသီသည် ၁၉၈၂ ခုနှစ်တွင် ၎င်း၏ကိုယ်ပိုင်
သီတာဦးရုပ်ရှင်ကုမ္ပဏီမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ထွန်းဝင်းရိုက်ကူးသည့်
]ဘဝကိုစိန်ခေါ်ကြသူ} ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ရုပ်ရှင်
လောကမှ အနားယူခဲ့သည်။ မြန်မာ့ရုပ်ရှင်လောက၏ ကြယ် တစ်ပွင့်ဖြစ်သူ
အကယ်ဒမီမင်းသမီး သီသီ၏ ဆယ်စုနှစ် တစ်ခုခန့်အကြာ ရုပ်ရှင်သက်တမ်းအတွင်း
ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားအရေအတွက်မှာ များပြားခြင်းမရှိခဲ့သော်လည်း
ရုပ်ရှင်လောကတွင် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သူဖြစ်သည်။
အနုပညာဝါသနာထုံသူ ဂန္တဝင်ရုပ်ရှင်မင်းသမီးကြီး သီသီ၏
အနုပညာသက်တမ်းနှင့် အနုပညာလှုပ်ရှားမှုများ မှာ နည်းပါးသဖြင့်
ယနေ့ခေတ်လူငယ်များအတွက် လက်လှမ်းမမီ ဖြစ်ခဲ့ရသော်လည်း သူ၏ အနုပညာအမွေ
အနှစ်များသည် ယနေ့ထက်တိုင် ရှင်သန်နေဆဲဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
မေစန္ဒာရေးသားသည်
Post a Comment