မြန်မာအွန်လိုင်းသတင်း  12.9.2013
----------------------------------------------------------------
အာဂျင်တီးနားကြယ်ပွင့် လီယွန် နယ်မက်ဆီသည်  လာမည့် ၂၀၁၄ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင် တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာရန် မျှော်လင့်ထားကြောင်း သိရသည်။ အာဂျင်တီးနား   အသင်းသည် ၁၉၇၈ ခုနှစ်က ကမ္ဘာ့ဖလားချန်ပီယံ အဖြစ် ရပ်တည်နိုင်ခဲ့ပြီး နည်းပြ ဆက်ဘယ်လာအနေဖြင့်  အာဂျင် တီးနားအသင်း၏  ကမ္ဘာ့မျှော်လင့်ချက် သည်လည်း တိုက်စစ်မှူး လီယွန်နယ် မက်ဆီအပေါ်တွင် တည်မှီနေသည်ဟု ဆိုသည်။
အာဂျင်တီးနားအသင်းတွင် ဟီဂူ အင်၊ အဂူရို၊ လာဗက်ဇီ၊ ဒီမာရီယာ စသည့်    ကစားသမားကောင်းများ လည်းရှိနေခြင်းကြောင့်သာ ကမ္ဘာ့ ဖလားချန်ပီယံဘွဲ့ကို အာဂျင်တီးနား အသင်းရယူရန် မျှော်လင့်ထားခြင်း ဖြစ် ကြောင်းလ ည်း တိုက်စစ်မှူးမက်ဆီ က ဆိုသည်။
လက်ရှိတွင် အာဂျင်တီးနားအသင်း သည် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ၁၄ ပွဲကစားအပြီးတွင်      ရှစ်ပွဲနိုင်၊ ငါးပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် ၂၉ မှတ်ရရှိကာ ကိုလံဘီယာအသင်း၏ အထက်တွင်   သုံးမှတ် အကွာဖြင့် အုပ်စုကို ဦးဆောင်လျက်ရှိသည်။

Post a Comment

 
Top