
မြန်မာအွန်လိုင်းသတင်း 12.9.2013
----------------------------------------------------------------------------
အီတလီစီးရီးအေပွဲစဉ်(၃)ကို
စက်တင်ဘာ ၁၄ရက်နဲ့ ၁၅ရက်တွေမှာ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာဖြစ်လို့
ဒီတစ်ပတ်ကတော့ အင်တာမီလန်နဲ့ ဂျူဗင် တပ်စ်တို့ ထိပ်သီးချင်းတွေ့မယ့်ပွဲက
စိတ်ဝင်စားစရာ ဖြစ်နေ ပါတယ်။ ဒါ့အပြင် အေစီမီလန်တို့ရဲ့
အဝေးကွင်းရုန်းကန်အားမှာ တစ်ကျော့ပြန် ကာကာရဲ့ စွမ်းဆောင်မှုက
ဘယ်လောက်အတိုင်းအတာအထိ အကျိုးပြုနိုင်မလဲဆိုတာ အကဲခတ်ရမှာဖြစ်ပါတယ်။
အင်တာမီလန်နှင့် ဂျူဗင်တပ်စ်
မနှစ်က အင်တာမီလန်ကွင်းမှာ ဂျူဗင်တပ်စ်တို့က
တစ်ဂိုး-ဂိုးမရှိနဲ့ သင်ခန်းစာပေးခဲ့တာမို့ အခုပွဲမှာ အင်တာမီလန်တို့
ရှုံးကြွေးဆပ်နိုင်မလား ကြည့်ရမှာပါ။အင်တာမီလန်ရဲ့ နည်းပြသစ် မက်ဇာရီဟာ
ကစားသမားတွေကို ကောင်းကောင်းနေရာချတတ်သူ ဖြစ်တာမို့ ဒီပွဲမှာတော့
ဂျူဗင်တပ်စ်တို့ ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။ ဂျူဗင်
တပ်စ်တို့ကတာထွက်ကောင်းပြီး ရလဒ် ကောင်းတွေရယူနိုင်နေတာမို့ ဒီပွဲဟာ
အင်တာမီလန်တို့ အိမ်ကွင်းမှာ အမှတ် ရအောင် အားထုတ်နိုင်တဲ့ အခြေအနေ
ရှိနေပါတယ်။
တိုရီနိုနှင့် အေစီမီလန်
တိုရီနိုတို့က အိမ်ရှင်ဖြစ်ပေမယ့်
မျှော်လင့်ချက်ကြီးကြီး ထားလို့တော့ မရနိုင်ပါဘူး၊ ပြီးခဲ့တဲ့နှစ်က
တိုရီနို ကွင်းမှာ အေစီမီလန်တို့ အနိုင်ယူထား တာမို့ အခုပွဲမှာလည်း
ခြေကုန်ပြီး ကာကွယ်ဟန့်တားရ မယ့် အနေအထား ပါပဲ။ အေစီမီလန်ကို
ပြန်ရောက်လာတဲ့ ကာကာရဲ့ခြေစွမ်းက အသက်လည်း ရလာတာမို့ အားကိုးအားထားပြုနိုင်
လို့ရမရ ကြည့်ရမှာ ဖြစ်ပေမယ့် ဒီပွဲမှာ အမှတ်ပြည့်ပွေ့ပိုက်ပြီး
အေစီမီလန်တို့ အိမ်ပြန်ပါလိမ့်မယ်။
လာဇီယိုနှင့် ချီယေဗို
ဒီပွဲဟာ ခြေရည်တူမို့ ပွဲကောင်း ဖြစ်ပါလိမ့်မယ်။
နိုင်ပွဲကို ဆာလောင် နေတဲ့ လာဇီယိုဟာ အိမ်ကွင်းမှာ ခြေစွမ်းမာကျောတာမို့
နည်းပြပက်ကို ဗစ်ရဲ့အခင်းအကျင်းနဲ့ ချီယေဗိုကို အနိုင်ရအောင်
ကြိုးစားပါလိမ့်မယ်။ ချီယေဗိုတို့က ခြေစွမ်းပေါ်ရင် ထိန်းရ
ခက်တဲ့အသင်းဖြစ်တာမို့ လာဇီယိုတို့ ဖိအားပေးမကစားနိုင်ရင် ရလဒ်ပြောင်း
လဲသွားနိုင်ပါတယ်။ပြီးခဲ့တဲ့နှစ်က
အိမ်ကွင်းမှာလာဇီယိုတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးထားတာ ကိုမေ့ ထားလို့
မရပါဘူး။
ပါးမားနှင့် ရိုးမား
နှစ်သင်းစလုံး ခြေကုန်ထုတ်ကြ ရမယ့်ပွဲပါပဲ။ ပါးမားရော ရိုးမားပါ အနိုင်ရလဒ်ကိုဦးတည်ပြီး တိုက်စစ်ဖွင့် ကစားကြပါလိမ့်မယ်။
ဒါပေမယ့် ခံစစ်ပိုင်းအားနည်း ချက်မှာ
ရိုးမားတို့က ပိုများနေတာ မို့ သတိထားရပါလိမ့်မယ်။ ဒါပေ မယ့်
ပါးမားဟာ အိမ်ကွင်းမှာ အနိုင်ရအောင် ကစားတတ်တာမို့ ရိုးမားရဲ့
ဝါရင့်တိုက်စစ်မှူး တော့တီပါဝင် ကစားရင်တော့ ရိုးမားတို့ အမှတ်
မျှော်လင့်ချက်ထားနိုင်တဲ့ပွဲပါပဲ။
Post a Comment