မြန်မာအွန်လိုင်းသတင်း  12.9.2013
-----------------------------------------------------------
ဟောလိဝုဒ်အက်ရှင်မင်းသားကြီး ဟာရစ်ဆင်ဖို့ဒ်သည် ရာသီဥတု ပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်ပျက်စီးမှု ဆိုင်ရာ ရုပ်သံ မှတ်တမ်းအတွက် စက်တင်ဘာ ၁၀ ရက်တွင် အင်ဒိုနီးရှားသမ္မတကို တွေ့ဆုံမေးမြန်းမှု ပြုလုပ် ခဲ့သည်။
မင်းသားကြီး ဟာရစ်ဆင်ဖို့ဒ်မှာ အင်ဒီရာနာဂျုန်းဇာတ်ကားနှင့် ကြယ်တာရာစစ်ပွဲဇာတ်ကားများဖြင့် နာမည် ကျော်လူသိများ လာသူတစ်ဦး ဖြစ်သလို ပတ်ဝန်းကျင်ရေးရာလှုပ်ရှားသူအဖြစ်လည်း လူသိများသူတစ်ဦးဖြစ် သည်။ အင်ဒိုနီးရှားသမ္မတ   ဆူစီလိုဘမ်ဘန်း  ယူဒိုရိုနိုက  အင်ဒိုနီးရှားနိုင်ငံက  ကတိကဝတ်ပြုထားသော ပင်လယ်သမုဒ္ဒရာနှင့် သစ်တောများထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဂျူလီယာ အယ်လ်ဒရင်က ပြော ကြားသည်။
ဟာရစ်ဆင်ဖို့ဒ်သည်  Years of  Living Dangerously အမည်ရှိ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ    ရုပ်သံ ဇာတ်လမ်းတွဲ   ဖြန့်ချိရန်အတွက် အင်ဒိုနီးရှားနိုင်ငံတွင် ရောက်ရှိနေပြီး အမျိုးသားသဘာဝသစ်တော များနှင့် ပန်းဥယျာဉ်များသို့  သွား ရောက်ခဲ့ပြီး   သစ်တောရေးရာဝန်ကြီး   ဇူကီဖလီ ဟာဆန်  အပါအဝင်  အစိုးရအရာ ရှိများ၊   စီးပွားရေးလုပ်ငန်းရှင်များ၊ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားသူများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ သည်။
အင်ဒိုနီးရှားနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် သစ်တောများ ပြုန်းတီးခဲ့ရကြောင်း ဟာရစ်ဆင်ဖို့ဒ် ၏ ဝေဖန်မှုအပေါ် သစ်တောရေးရာဝန်ကြီးဟာဆန်မှာ ဒေါသဖြစ်ခဲ့ရသည်ဟုရေးသားဖော်ပြကြသည်။ ဟာရစ်ဆင်ဖို့ဒ်က  သစ်တော များ မီးလောင်ကျွမ်းမှုနှင့် ဒေသတွင်း၌ မီးခိုး မြူများ ဖြစ်ပေါ်စေခဲ့မှုအတွက် အင်ဒိုနီးရှားနိုင်ငံကို အပြစ်ဖို့ခဲ့သည်။
Years of  Living Dangerously ရုပ်သံဇာတ်လမ်းတွဲမှာ ရာသီဥတု ပြောင်းလဲမှုကြောင့်  လူသားတို့အပေါ် ဆိုးကျိုး သက်ရောက်မှုများ ရိုက်ခတ် လာပုံကို  အဓိက  ပုံဖော်ရိုက်ကူးထားပြီး  ဟောလိဝုဒ်ကြယ်ပွင့်များနှင့် သတင်းစာဆရာများ ပူးပေါင်း စီစဉ်တင်ဆက်ထားသည်။

Post a Comment

 
Top