မြန်မာအွန်လိုင်းသတင်း  12.9.2013
-------------------------------------------------------------------------------------
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဆီးရီးယား နိုင်ငံ၏ ဓာတုလက်နက်များကို  ဖယ်ရှားရေးအတွက် သံတမန်နည်းလမ်းအရ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ သို့သော်မအောင်မြင်ပါက လက်တုံ့ပြန်ရေးအလို့ငှာ အသင့် အနေအထား  ပြင်ဆင်ထားရန်လည်း  စစ်ဘက်သို့ အမိန့်ပေးထားပြီးဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြား သည်။ အိုဘားမားက ရုပ်မြင်သံကြားမှ နိုင်ငံတော်သို့ မိန့်ခွန်း ပြောကြားရာတွင် ဆီးရီးယားနိုင်ငံအပေါ် စစ်အင်အား အသုံးပြုရေးအတွက် အခွင့်အာဏာပေးမည့် မဲပေးရေး အစီအစဉ်ကို ရွှေ့ဆိုင်းထားရန် အထက်လွှတ်တော်သို့ မေတ္တာရပ်ခံထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
လွန်ခဲ့သည့်လကဓာတုလက်နက်များသုံးစွဲခြင်းကြောင့် ဒမတ်စကတ်မြို့တွင် လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရသဖြင့် ဆီးရီးယားကို လေကြောင်းမှတိုက်ခိုက်ရန် အမေရိကန်က ခြိမ်းခြောက်ခဲ့သည်။ အဆိုပါဆီးရီးယား၏ ဓာတု လက်နက်များကို နိုင်ငံ တကာ၏ထိန်းချုပ်မှုအောက်တွင်ထားရှိရန် ရုရှားနိုင်ငံက အဆိုပြုထားသည်။ ယင်းအဆိုကို ဆီးရီးယားအစိုးရ တာဝန် ရှိသူများက မူအားဖြင့်သဘောတူညီခဲ့ကြသော်လည်း အမေ ရိကန်နှင့် မဟာမိတ်နိုင်ငံများက သံသယရှိနေသည်။
ရုရှားနိုင်ငံ၏အဆိုပြုသောအစီအစဉ်သည် အင်္ဂါနေ့တွင် ကုလသမဂ္ဂ၌ သံတမန်များကို တစ်နေကုန် အငြင်းအခုန် ဖြစ်စေခဲ့သည်။ အိုဘားမားသည် အိမ်ဖြူတော်မှ မိန့်ခွန်းပြောကြားရာတွင် အင်အားသုံးခြင်းသည် ပြည်တွင်း စစ်ကို ဖြေရှင်းနိုင်မည်ဟု မယုံကြည်သောကြောင့် ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူရန် တောင်းဆိုကြခြင်းအား ၎င်း၏အစိုးရအဖွဲ့က အချိန်ကြာမြင့်စွာ ငြင်းဆိုလာခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ဩဂုတ် ၂၁ရက်တွင် ဒမတ်စကတ်၌ ဓာတုလက်နက် သုံးစွဲ တိုက်ခိုက်ပြီးနောက် ၎င်း၏သဘောထား ပြောင်းလဲခဲ့ပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဆီးရီးယားအစိုးရက  ၎င်းတို့တိုက်ခိုက်ခြင်း မဟုတ် ကြောင်း၊ သူပုန်များတိုက်ခိုက်ခြင်းဖြစ်ကြောင်း ငြင်းဆို သည်။ သို့သော် အိုဘားမားက ဆီးရီးယားအစိုးရ၏လက် ချက်ဖြစ်သည်ကို အမေရိကန်ပြည်ထောင်စုက သိရှိခဲ့ပြီးဖြစ် သည် ဟု ပြောကြားခဲ့သည်။                     
ဘီဘီစီ။

Post a Comment

 
Top