နာဒါးလ် အဖို့ ဂျော်ကိုဗစ်(ချ)နဲ့ တွေ့ခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲ
နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ သူဟာ ဂျော်ကိုဗစ်(ချ)ကို ၇ ပွဲ
ဆက်တိုက် ရှုံး ခဲ့ရဖူးပါတယ်။
ဒါဟာ နာဒါးလ် အဖို့ ၁၃ ခုမြောက် ဂရဲန်းဆလင်း
သရဖူလည်းပဲ ဖြစ်ပါတယ်။ သူ့ရှေ့မှာတော့ ရော်ဂျာ ဖဒ်ဒရာက ၁၇ ကြိမ်နဲ့ ပိ
ဆမ်းပရပ်စ်က ၁၄ ကြိမ် ရထား ကြပါတယ်။
ဒီနှစ် ၂၀၁၃ ထဲမှာတော့ နာဒါးလ်အဖို့ ၁၀ ကြိမ်မြောက် အောင်ပွဲ လည်းဖြစ်ပါတယ်။
အဲဒါကြောင့် ဒီနှစ်ဟာ ပြီးခဲ့တဲ့ ၂၀၀၅ က ဖလား ၁၁ ခု ရခဲ့တဲ့ နောက်ပိုင်း သူ့အတွက် အအောင်မြင်ဆုံး နှစ်လည်းပဲ ဖြစ်ပါတယ်။

Post a Comment