
မြန်မာအွန်းလိုင်းသတင်း 10.9.2013
---------------------------------------------------------------------------------------------
ဗီယက်နမ်သည် လက်ရှိချန်ပီယံ အဖြစ် ဂုဏ်သရေရှိစွာဖြင့် ပြိုင်ပွဲကို ၀င်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း အရှေ့တောင် အာရှအဆင့်ထက် မြင့်မားသည့် ပြိုင်ဘက်ကောင်းများကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရန် မျှော်လင့်မထားကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။ "ချန်ပီယံဆုကို ကာကွယ်ဖို့ဆိုတာ ကျွန်တော်တို့ အတွက် ခက်လွန်းပါတယ်။ အုပ်စုတွင်း ပြိုင်ဘက်တွေကလည်း တောင့်တင်းလွန်းတယ်။ သြဇီနဲ့ ဂျော်ဒန်က အဆင့်မြင့် အသင်းတွေပါ။ ဒါ့အပြင် ဂျပန်လည်း ပါသေးတယ်။ သူတို့နဲ့ ကျွန်တော်တို့ အရှေ့တောင် အာရှ အသင်းတွေက အဆင့်ခြင်း ကွာပါတယ်။ ဒါကြောင့် ချန်ပီယံ ဆုကို ကာကွယ်ဖို့ မျှော်လင့် မထားပါဘူး။ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့သာ မျှော်လင့်ထားပါတယ်"ဟု ဗီယက်နမ် အမျိုးသမီး အသင်း၏ နည်းပြချုပ် ချန်ယွန်ဖက ပြောကြားခဲ့သည်။
ဗီယက်နမ်သည် အုပ်စု(က) အတွင်းတွင် သြဇီ၊ ဂျော်ဒန်တို့ အပြင် ၂၀၁၁ ချန်ပီယံ ထိုင်းအသင်းနှင့်လည်း တစ်အုပ်စုတည်း ကျရောက်နေသည်။ ဗီယက်နမ် အသင်းသည် အဖွင့်ပွဲအဖြစ် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ခြေစွမ်းပိုင်း အသာစီး ကစားနိုင်ခဲ့သော်လည်း ဂိုးမရှိ သရေရလဒ်သာ ရယူနိုင်ခဲ့သည်။ ထိုသို့ သရေကျခဲ့သော်လည်း အဆိုပါ ပွဲရလဒ်နှင့် ပတ်သက်၍မူ ကျေနပ်မိကြောင်း ချန်ယွန်ဖက ဆက်လက် ပြောကြားခဲ့သည်။ "နှစ်သင်းလုံး အရမ်းကြိုးစားကြပါတယ်။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ပွဲပါ။ ထိုင်းအသင်းမှာ ကစားသမားကောင်းတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာတော့ ကျွန်တော့် အသင်းက အခွင့်အရေး ပိုရခဲ့ပါတယ်။ ပြောရရင် ဒီနေ့ပွဲ ရလဒ်အတွက် ကျေနပ်မိပါတယ်"ဟု ဗီယက်နမ် အသင်း နည်းပြချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဗီယက်နမ်အသင်းသည် လာမည့် စက်တင်ဘာ (၁၁)ရက်တွင် ပွဲကစားရန် မရှိဘဲ စက်တင်ဘာ (၁၃)ရက် ရောက်မှသာ မလေးရှား အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
Post a Comment