
မြန်မာအွန်လိုင်းသတင်း 12.9.2013
----------------------------------------------------------------------------------
အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါဖြစ်စေသော မားစ် (MERS) ဗိုင်းရပ်စ်ပိုးသည် ၂ဝ၁၂ ခုနှစ် စက်တင်ဘာက
ပထမဆုံး အတည်ပြုခဲ့ချိန်ကစတင်ကာ လူများအကြား ပျံ့နှံ့ကူးစက်လျက်ရှိသည်။
ကမ္ဘာတစ်ဝန်း လူ ၁၁ဝ ကျော်ကူးစက်ထားပြီးနောက် ၅၄
ဦးသေဆုံးသွားခဲ့ပြီးဖြစ်သည်။ လက်ရှိတွင်မူ ၄င်းဗိုင်းရပ်စ်သည်
ကုရာနတ္ထိ ဆေးမရှိသေးပေ။
သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကမူ
အမေရိကန်သုတေသီများ သတင်းထုတ်ပြန်ချက်အရ ဆေးဝါးနှစ်မျိုး ရောစပ်သော
ကုထုံးသစ်ကို မားစ်ဗိုင်းရပ်စ်ပိုးရှိ မျောက်များတွင် စမ်းသပ်ခဲ့ရာ
တိုးတက်မှုရှိကြောင်း သိရသည်။
စပိန်သုတေသီတို့ကမူ မားစ်ဗိုင်းရပ်စ်ပိုးကို
သန္ဓေပြောင်းလဲစေအောင် ဖန်တီးပြီး ရောဂါထိန်းချုပ်ခြင်းနှင့်
ထိရောက်သောဆေးဝါးအဖြစ်အသုံး ပြုနိုင်ဖွယ်ရှိကြောင်း စက်တင်ဘာ ၁ဝ ရက်က
ပြောကြားခဲ့သည်။
၄င်းပုံတူပွားသန္ဓေပြောင်းမားစ် ဗိုင်းရပ်စ်ကို
rMERS-CoV-E ဟု အမည်ပေးထားပြီး ၄င်းကို ထိုးနှံလိုက်ခြင်းဖြင့်
လက်ခံထားသော ခန္ဓာကိုယ်က ရောဂါပိုးအန္တရာယ်မှ ကာကွယ်နိုင်မည့်
ပဋိဇီဝဓာတ်ကို ထုတ်လုပ်ပေးနိုင်မည်။ အကယ်၍ ယင်းကဲ့သို့ ကုသမှုပေးထားပါက
လူနာနှင့် နီးနီးကပ်ကပ်ပတ်သက် ဆက်နွှယ်ရသော အခြားသူများကိုလည်း
ရောဂါမကူးစက်နိုင်တော့ဟု ဆိုသည်။
ထိုပုံတူပွားပိုးကို ဆေးဝါးအဖြစ် အသုံးချသဖြင့်
လူကိုယ်ခံအားစနစ် ကောင်းလာစေနိုင်ပြီး ရောဂါပိုးကို တိုက်ခိုက်စွမ်းရှိမည့်
ကိုယ်ခံအားစနစ်ကိုဖြစ်ပေါ်စေကာ နောက်ဆုံးပိုးများကို
သေဆုံးစေမည်ဖြစ်ကြောင်း မက်ဒရစ်တက္ကသိုလ်မှ သုတေသနပညာရှင်များက
ပြောကြားသည်။
Post a Comment