မြန်မာအွန်လိုင်းသတင်း  12.9.2013
-------------------------------------------------------------------------
ဖိလစ်ပိုင်နိုင်ငံ ဇန်ဘိုအန်ဂါမြို့တွင် ထောင်ပေါင်းများစွာသော မြို့သူမြို့သားများ ထွက်ပြေးကြပြီး အစိုးရတပ်များနှင့် သူပုန်များသည် ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း ဗုဒ္ဓဟူးနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ဇန်ဘိုအန်ဂါမြို့တွင် တနင်္လာနေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လူကိုးဦးသေဆုံးခဲ့ပြီဖြစ်သည်။
မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး(အမ်အန်အယ်လ်အက်ဖ်)မှ အုပ်စုတစ်စုသည် မြို့တွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး သူပုန်များသည် ရပ်ကွက်များအတွင်း၌ ခိုအောင်းလျက်ရှိသည်။ လေယာဉ် ခရီးစဉ်များ၊ ကူးတို့သင်္ဘောခရီးစဉ်များနှင့် မြို့တွင်းရှိ စာသင်ကျောင်းများကို ပိတ်ထားရသည်။
သတင်းများအရ သူပုန်များသည် ကျေးရွာများ၌ တပ်စွဲထားပြီး ရွာသူ ရွာသားများနှင့်အတူ ရောနှောလျက် ရှိသည်ဟု ဆိုသည်။ ဒေသခံများ၏ပြောကြားချက်အရ သူပုန်များသည် ၎င်းတို့ထိန်းချုပ်ထားသော ရပ်ကွက် များရှိ လူနေအိမ်များကို မီးရှို့ခဲ့ကြ သည်။ ထောင်ပေါင်းများစွာသော ပြည်သူ များသည် စစ်ဘေး အန္တရာယ်မှ ကင်း ဝေးရာသို့ ထွက်ပြေးကြရာ ဒုက္ခသည် ၁၃၀၀ဝကို ဇန်ဘိုအန်ဂါမြို့ အား ကစားကွင်း၌   နေရာ ချထားပေး ကြောင်း  တာဝန်ရှိသူများက  ပြော သည်။
ဘီဘီစီ။

Post a Comment

 
Top