မြန်မာအွန်လိုင်းသတင်း  12.9.2013
---------------------------------------------------------------------------
အင်္ဂလန်အသင်းနှင့် မန်ယူအသင်းတို့၏ အားထားရသော တိုက်စစ်မှူး ရွန်းနီသည် လေ့ကျင့်ရေးကွင်းတွင် ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်းကြောင့် မန်ယူ အသင်းက လီဗာပူးအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်နှင့် လွဲခဲ့ ရပြီး လက်ရှိတွင်မူ စက်တင်ဘာ ၂၂ ရက်တွင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် ပါဝင်လာနိုင်ရန် ပစ်မှတ်ထား လျက်ရှိကြောင်း သိရသည်။
မန်ယူတိုက်စစ်မှူးရွန်းနီသည် ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်းကြောင့် အင်္ဂလန် အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ဖြစ်သည့် မော်ဒိုဗာ၊ ယူကရိန်း စသည့် အသင်းများနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များနှင့် လွဲချော်ခဲ့ရပြီး ရွန်းနီ၏ ဦးခေါင်း ဒဏ်ရာသည် ရက်သတ္တသုံးပတ်ကြာ အနားယူရလိမ့်မည်ဖြစ်ကြောင်း  မန်ယူ အသင်းနည်းပြ ဒေးဗစ်မိုယက်က   အစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့  သည်။
ယခုသီတင်းပတ်အကုန်တွင် အပေါ့စားလေ့ကျင့်မှုများ ပြန်လည်စတင် ပြုလုပ်ရန် ရည်ရွယ်ထားပြီး စက်တင်ဘာ ၂၂ ရက်တွင် မန်စီးတီးအသင်း၏ အိမ်ကွင်းအီတီဟက်ဒ်၌ ယှဉ်ပြိုင်ရမည့် မန်ယူအသင်း၏ ပရီမီယာလိဂ်ပွဲစဉ်တွင် ပါဝင်လာရန် မျှော်လင့်ထားကြောင်း တိုက်စစ်မှူး ရွန်းနီက ပြောကြားခဲ့သည်။
မန်ယူအသင်းမန်နေဂျာဒေးဗစ်မိုယက်အနေဖြင့်လည်း မန်စီးတီးအသင်းနှင့် ပွဲစဉ်တွင် တိုက်စစ်မှူးရွန်းနီကို ထည့်သွင်းအသုံးပြုနိုင်ရန်လည်း  မျှော်လင့် ထားကြောင်း သိရသည်။
သို့ရာတွင် စက်တင်ဘာ ၁၄ ရက်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပရီမီယာလိဂ်ပွဲစဉ်နှင့် စက်တင်ဘာ ၁၈ ရက်တွင် ဂျာမန် ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တို့တွင်မူ ပါဝင်လာရန် အခွင့်အလမ်းရရှိလိမ့်မည် မဟုတ်ကြောင်း သိရသ

Post a Comment

 
Top