အင်ဒိုနီးရှား လေကြောင်းလိုင်း Garuda Indonesia က နိုင်ငံတကာ ဓါတ်ပုံ ပြိုင်ပွဲ ကျင်းပရာမှာ ၂၀၁၃ ခု နှစ် အတွက် ပေးတဲ့ ဆု ၅ ဆု ထဲမှာ မြန်မာ နိုင်ငံ ဓါတ်ပုံဆရာ ၃ ယောက် ဆု တွေ အသီးသီး ဆွတ်ခူးခဲ့ပါတယ်။
နိုင်ငံပေါင်း ၉၄ နိုင်ငံ က ဓါတ်ပုံပေါင်း ၆ သောင်း ကျော် ထဲက ဆန်ကာတင် ဓါတ်ပုံသမား ၁၅ ယောက် ကို ရွေးချယ်ပြီး အင်ဒိုနီးရှား နိုင်ငံ ကို ဖိတ်ခေါ်ယင်း သူတို့ နိုင်ငံ ထဲမှာ ဓါတ်ပုံတွေ ရိုက်ဖို့ ကျင်းပ သူတွေ က သြဂုတ်လ နောက်ဆုံးပတ်မှာ စီစဉ်ခဲ့တာပါ။
Nature သဘာဝ၊ People လူတွေ၊ Culture ယဉ်ကျေးမှု စတဲ့ ကဏ္ဍ ၃ ခု အရ ဓါတ်ပုံတွေ ရိုက်စေတဲ့ အခါမှာ မြန်မာဓါတ်ပုံဆရာ ကိုနီဦး က Over All Best အားလုံးအကောင်းဆုံး ဓါတ်ပုံတွေ ထွက်လာတဲ့ အတွက် ဆုကြေး အရ လည်း အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် ရခဲ့ပါတယ်။
စိန်ခေါ်မှု တွေ့ရတဲ့ အပိုင်းမှာ တော့ ကိုယ်နဲ့ မကျွမ်းတဲ့ ဒေသ မှာ သူတို့ ယဉ်ကျေးမှု နဲ့ သဘာဝ ကို ထင်ဟပ်နိုင်အောင် အချိန်တို အတွင်း အကောင်းဆုံး ရိုက်ချက် ရအောင် ရိုက်ရတဲ့ အပိုင်းနဲ့ ရာသီဥတု အဆင်မပြေတာ ကို တွေ့ရတဲ့ အပိုင်း၊ ကိုယ်သွားရမယ့် နေရာ ကို website မှာ ကြိုပြီး လေ့လာရတဲ့ အကြောင်း ကိုနီဦး က ဘီဘီစီ ကို ပြောပြပါတယ်။

Post a Comment

 
Top