နောက်ဆုံး ထွက်လာတဲ့ ရွေးကောက်ပွဲ ကနဦး စစ်တမ်းတွေ အရ မစ္စတာ အာဘော့ထ်နဲ့ သူ့ရဲ့ အလယ်အလတ် အမျိုးသား ညွှန့်ပေါင်း အဖွဲ့က ထူးထူးခြားခြား ရှေ့က ဦးဆောင်နေပါတယ်။
သြစတြေးလျ ဥပဒေအရ အသက် ၁ဂနှစ် နိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးရတာ ဖြစ်ပြီး မဲပေးပိုင်ခွင့် ရှိသူ ၁၄ .၅ သန်း ကျော် က မဲလာပေးကြလိမ့်မယ်လို့ ယူဆ ရပါတယ်။
စီးပွားရေး ၊ လူဝင်မှု ကြီးကြပ်ရေး ပြဿနာနဲ့ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ကာဗွန်ထွက်ရှိမှု အပေါ် အခွန်ကောက်တဲ့ စနစ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို သီတင်းငါးပတ်ကြာ ရွေးကောက်ပွဲ မဲဆွယ်မှု အတွင်း အပြင်းအထန် ဆွေးနွေး ငြင်းခုန်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ပြိုင်ဖက် ပါတီနှစ်စလုံးက ခေါင်းဆောင် တွေရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စ တွေက လွှမ်းမိုးထားတယ်လို့ သတင်းထောက်တွေက

Post a Comment

 
Top