ဘာစီလိုနာသည် လာမည့်နှစ် ဘောလုံးရာသီတွင် ချယ်ဆီးဂိုးသမား သီဘောက် ကော့ထရစ်ကို အသင်း၏ နံပါတ်တစ် ဂိုးသမားအဖြစ် ခေါ်ယူရန် ပစ်မှတ်ထားနေပြီး အဆိုပါ ဂိုးသမားနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Sportsmail မှ ဖော်ပြချက်အရ ဘာစီလိုနာသည် အသင်း၏ ဂိုးသမား ဗစ်တာဗဲလ်ဒက်စ်နေရာတွင် ဘိုရပ်ရှား မိုချန်ဂလာဘတ် ဂိုးသမား စတီဂျန်ကို အစားထိုးရန် နွေရာသီအပြောင်းအရွှေ့ကာလက ကြိုးပမ်းခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပေ။



အက်သလက်တီကို မက်ဒရစ်တွင် အငှားဖြင့် သွားရောက်ကစားနေသည့် ချယ်ဆီးဂိုးသမား ကော့ထရစ်သည် ပီတာဆက်ခ်ျကြောင့် နံပါတ်တစ် ဂိုးသမားဖြစ်ရန် ရုန်းကန်နေရပြီး အသင်းတွင် ပွဲထွက်ကစားခွင့်ရရန် တောင်းဆိုမှု ပြုလုပ်ခဲ့ပြီးနောက် ဘာစီလိုနာက ခေါ်ယူရန် စိတ်ဝင်စားလာခြင်း ဖြစ်သည်။

ဘာစီလိုနာသည် စတီဂျန်အတွက် ယူရို ၁၀ သန်းခန့်သာ ကုန်ကျဖွယ်ရှိသော်လည်း အက်သလက်တီကို တွင် ကစားခဲ့သည့် နှစ်ရာသီအတွင်း လက်စွမ်းပြသနိုင်ခဲ့သည့် ကော့ထရစ်အတွက် ချယ်ဆီးက ယူရို သန်း ၃၀ တောင်းဆိုဖွယ်ရှိကြောင်း သိရသည်။
 

Post a Comment

 
Top