
ထိုင်းနိုင်ငံအတွင်းကို နည်းမျိုးစုံနဲ့ ရောက်နေပြီး
မရားမဝင် နေထိုင်နေကြတဲ့ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေကို
တရားဝင် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့ ကျန်မာရေး ပညာရေး စောင့်ရှောက်မှု
အစီအစဉ်အသစ် တစ်ခုကို ဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ် ချင်နဝပ်
ဦးဆောင်တဲ့ အစည်း အဝေးက အတည်ပြုလိုက်ပါတယ်။
အစီအစဉ်အသစ်က အရင်နဲ့မတူတာက တရားဝင်
မှတ်ပုံတင်ရာမှာ အလုပ်ရှင်မလို၊ အာမခံတဲ့ ထိုင်းလူမျိုး မလိုတော့ဘဲ
ကုန်ကျစရိတ် နည်းနည်းနဲ့ ကိုယ့်ဖာသာကိုယ် မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။
နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့အတူ ကျန်းမာရေး အစီအစဉ်လည်း ပါဝင်မယ်လို့
ထိုင်း ကျန်မာရေးဝန်ကြီး ဒေါက်တာ ပဒစ်စင်ထဝါ့နရုံးက ဘီဘီစီကို ပြောပါတယ်။
အဲ့ဒီလို
တရားဝင် မှတ်ပုံတင်ပြီးရင်တော့ နေရာသတ်သတ်မှတ်မှတ်နဲ့ အဆောက်အဦးတွေလည်း
စီစဉ်ဆောင်ရွက်ပေးမယ်၊ ကလေးတွေကတော့ လက်ရှိအတိုင်း အခမဲ့
ကျောင်းနေခွင့်ရမယ်လို့ ဆိုပါတယ်။
ကျန်းမာရေးအတွက် အခမဲ့ ဆေးကုသနိုင်ဖို့အတွက်ကတော့
ကျန်းမာရေး အာခံထားရန်လိုအပ်ပြီး အာမခံငွေက ကလေးတစ်ဦး၊ မိခင်နဲ့ ဖခင်
အပါအဝင် ၃ ဦး အတွက် တစ်ရက်ကို ၁၅ ဘတ်လောက် ကုန်ကျနိုင်တယ်။ လုပ်အားခက
တစ်ရက်ကို ဘတ် ၃ဝဝ ဖြစ်လို့ လုပ်အားခရဲ့ ၅ ရာခိုင်နှုန်းက ကျန်မာရေးစရိတ်
ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားတွေကိုယ်တိုင် မှတ်ပုံတင်မယ့် အစီအစဉ်ကို
လာမယ့် လအနည်းငယ် အတွင်းမှာ စတင်နိုင်မှာ ဖြစ်တယ်လို့
ထိုင်းကျန်းမာရေးဝန်ကြီး ဒေါက်တာပဒစ် စင်ထဝါ့နရုံးက ဘီဘီစီကို ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်
နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေတဲ့သူတွေ မပါဘဲ တရားမဝင်
အလုပ်လုပ်နေတဲ့သူက ၃ သန်းလောက်ရှိမယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိပါတယ်။
Post a Comment